close
Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့ပေါ်က လွတ်သွားတဲ့ ဓားပြတရားခံကို ပြန်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်က ဓားပြမှုနဲ့လွတ်သွားတဲ့ တရားခံကို ဒီနေ့(မတ်လ ၂၀ရက်)ညနေပိုင်းမှာပြန်ပြီးဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မတ်-၂၀၊ ၂၀၂၅။မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်က ဓားပြမှုနဲ့လွတ်သွားတဲ့ တရားခံကို ဒီနေ့(မတ်လ ၂၀ရက်)ညနေပိုင်းမှာပြန်ပြီးဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ တပတ်ခန့်က ခင်ဦးမြို့၊မြကန်သာရပ်ကွက်က သစ်၊‌ဝါးရောင်းဝယ်ရေးလုပ်ကိုင်သူ လင်မယားနှစ်ဦးရဲ့နေအိမ်ကို လူ၇ဦးက လာရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး အိမ်ရှင် လင်မယားနှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

ဓားပြကျူးလွန်သူဟာ အသက် ၁၈နှစ်ကနေ ၂၂ နှစ်ဝန်းကျင် လူငယ်၇ဦးဖြစ်ပြီး ဓားပြတိုက်ခံရသူ တွေနဲ့ တစ်ရပ်ကွက်တည်းသားတွေဖြစ်ကာ အလုပ်သမားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအထဲက ၆ဦးကို အရင်ဆုံး ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ဆုံးကျန်သူ အသက်၁၉နှစ်အရွယ် ဇော်ကြီးကို မနေ့ကဖမ်းဆီးနိုင်ခဲ့ပေမယ့် ဓားပြတိုက်စဉ်ယူခဲ့တဲ့ ပစ္စည်းတွေကို လိုက်ပြခိုင်းချိန်မှာ ထွက်ပြေးသွားတာလို့ သိရပါတယ်။

“ဓားပြတိုက်ထားတဲ့ ပစ္စည်းတွေကို ဆေးရုံကြီးရဲ့မြောက်ဘက် နှစ်ဝန်းကျော် မှာထားတာ။ကား‌ ပေါ်က နေဆင်းပြီးသွား ပြခိုင်းတဲ့အချိန် အစက တော့ပုံမှန်ပါပဲသွားတာ။တစ်ဝန်းကျော်လည်းရောက် ရောထွက် ပြေးသွားတာ။ကိုယ့်ရဲဘော်တွေက လိုက်ဖမ်းတော့ အချင်းချင်းပစ်မိမှာစိုးပြီး မပစ်ရဘူး။ပြီးတော့ ဆေးရုံကြီး မြောက်ဘက်ကပ်ချက်ကဝန်းထဲကို ဝင်ပြေးသွားတယ်။လိုက်ပစ်ရင် ဆေးရုံကြီးထဲက စစ်တပ်နဲ့ ထိပ်တိုက်ပစ်ရမှာမို့ မနေ့က မဖမ်းလိုက်ရဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

ဒီနေ့ တခြားတနည်းနဲ့ မျှားခေါ်ထုတ်တဲ့အချိန် ညနေ ၅နာရီ ကျော်လောက်မှာထွက်လာပြီး ယခုဖမ်းဆီးထားနိုင်ပြီလို့ သိရပါတယ်။

လက်ရှိမှာ ဓားပြတိုက်သူ ၇ဦးကို ဖမ်းဆီးထားနိုင်ပြီး အဲဒီအထဲက တစ်ဦးဟာ ဖမ်းဆီးထားစဉ် အတက်ရောဂါ၊အကြောတက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ လေးဦးထက်မနည်း သေဆုံးပြီး လက်နက်သုံးလက် သိမ်းရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင် တပတ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးသတင်းအကျဉ်းချုပ်အား ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အား ၁၆ကြိမ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။