close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်လုပ် Typhon ဒုံးကျည်စနစ် အသုံးပြုပုံကို ဖိလစ်ပိုင် စစ်တပ် စတင်လေ့ကျင့်သင်ယူဖို့ စီစဉ်

အမေရိကန်က ဖြန့်ကျက်ထားတဲ့ တာလတ်ပစ် Typhon ဒုံးကျည်စနစ် အသုံးပြုမှုကို ဖိလစ်ပိုင် စစ်တပ်က စတင် လေ့ကျင့် သင်ယူသွားတော့မယ်လို့ သိရပါတယ်။

အမေရိကန်က ဖြန့်ကျက်ထားတဲ့ တာလတ်ပစ် Typhon ဒုံးကျည်စနစ် အသုံးပြုမှုကို ဖိလစ်ပိုင် စစ်တပ်က စတင် လေ့ကျင့် သင်ယူသွားတော့မယ်လို့ သိရပါတယ်။

အဲဒီ တာလတ်ပစ် ဒုံးကျည်စနစ်ကို ဝယ်ယူဖို့ အစီအစဉ်ရှိကြောင်း ဖိလစ်ပိုင် စစ်တပ်က ပြောကြားထားတဲ့နောက် ဖေဖော်ဝါရီ လကစလို့ တပ်စိတ်တစ်ခုက Typhonဒုံးကျည် စနစ်အတွက် လက်တွေ့ သင်တန်းတက်ရောက်တော့မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် စစ်တပ်က အဲဒီ သတင်းကို ဇန်နဝါရီ ၂၈ ရက်မှာ အတည်ပြု ထုတ်ပြန်ခဲ့တာပါ။

တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကို အကြောင်းပြုပြီး တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဖိလစ်ပိုင်ဟာ အဆင့်မြင့် စစ်လက်နက် စနစ်တစ်ခုကို ဝယ်ယူဖို့ စီစဉ်လာခဲ့တာပါ။ Typhon ဒုံးကျည်စနစ်ကို ဝယ်ယူဖို့ ရည်ရွယ်ထားကြောင်း ဖိလစ်ပိုင် စစ်တပ်ရဲ့ ပြောဆိုမှုအပေါ် တရုတ်ဖက်က ဒေါသတကြီး ဝေဖန် တုံ့ပြန်ခဲ့ဖူးပါတယ်။

အမေရိကန်ဟာ မနှစ်က နှစ်ဆန်းပိုင်းတုန်းက ဖိလစ်ပိုင်နဲ့ နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုကို အကြောင်းပြုပြီး Typhon ဒုံးကျည်စနစ်ကို အရှေ့တောင်အာရှ ဒေသတွင်း မဟာမိတ် နိုင်ငံဆီကို ယူဆောင်လာခဲ့တာပါ။ အဲဒီ အချိန်ကတည်းက စနစ်ကို ပြန်မသိမ်းဆည်းဘဲ ဖိလစ်ပိုင်မှာပဲ အမေရိကန်က ဆက်လက် ထားရှိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ လထဲမှာတော့ ဖိလစ်ပိုင် စစ်တပ်က နိုင်ငံရဲ့ ရေပိုင်နက်ဆိုင်ရာ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ရည်ရွယ်ပြီး Typhon ဒုံးကျည်စနစ်ကို ဝယ်ယူနိုင်ရေး စီစဉ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ တရုတ်ကတော့ အဲဒီဆုံးဖြတ်ချက်ဟာ ဒေသတွင်းမှာ လက်နက်အပြိုင် တပ်ဆင်မှု အခြေအနေဆီ ဦးတည်သွားစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အခုတော့ အမေရိကန်ဟာ ဖိလစ်ပိုင် ကြည်းတပ်ရဲ့ လက်နက်ကြီး တပ်စိတ် တစ်ခုကို Typhon ဒုံးကျည်စနစ် ကိုင်တွယ် ပစ်ခတ်မှုဆိုင်ရာ စတင်ပြီး သင်တန်းပေးတော့မှာ ဖြစ်ပါတယ်။ အခုကိစ္စနဲ့ နီးစပ်တဲ့ ဖိလစ်ပိုင် စစ်တပ် အရာရှိ တစ်ဦးက သင်တန်းပေးမယ့် နေရာကို ထုတ်ပြောဖို့ ငြင်းဆိုခဲ့ပေမယ့် တစ်ပတ်ကြာ သင်တန်းပို့ချမှုအတွင်း ဒုံးကျည်တွေ အမှန်တကယ် ပစ်ခတ်သွားမှာတော့ မဟုတ်ဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားတဲ့ ကလေးမှန်သမျှ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်မယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အထူးအမိန့်ကို ယာယီ ဆိုင်းငံ့ထားဖို့ အမေရိကန် ဖက်ဒရယ် တရားရုံး တစ်ခုက အမိန့်ချမှတ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက လော့စ်အန်ဂျလိစ်မြို့မှာ ရှိရင်းစွဲ တောမီးတွေကို မီးသတ်တပ်ဖွဲ့တွေက ခက်ခက်ခဲခဲ ငြှိမ်းသတ်နေတုန်း နောက်ထပ် အားကောင်းတဲ့၊ ပျံ့နှံ့နှုန်း မြန်ဆန်တဲ့ တောမီးအသစ် စတင် လောင်ကျွမ်းလာတာနဲ့ ကြုံနေရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ တကျော့ပြန် အိမ်ဖြူတော်သက်တမ်း ပထမနေ့မှာ အထူးအမိန့်တွေကို စတင် လက်မှတ်ရေးထိုး ထုတ်ပြန်နေပြီ ဖြစ်ပါတယ်။

သတင်း

ယာယီ ပိတ်ချခဲ့ပြီး တစ်ရက်လောက် အကြာမှာပဲ အမေရိကန် နိုင်ငံမှာ TikTok ဝန်ဆောင်မှုတွေ ပြန်လည် အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။