close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် သမ္မတအဖြစ် ထရမ့် ကျမ်းသစ္စာကျိန်ဆို၊ အမေရိကန်ရဲ့ ရွှေခေတ် ပြန်ရောက်ပြီလို့ပြော

အမေရိကန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ တကျော့ပြန် အိမ်ဖြူတော်သက်တမ်း ပထမနေ့မှာ အထူးအမိန့်တွေကို စတင် လက်မှတ်ရေးထိုး ထုတ်ပြန်နေပြီ ဖြစ်ပါတယ်။

အမေရိကန် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ တကျော့ပြန် အိမ်ဖြူတော်သက်တမ်း ပထမနေ့မှာ အထူးအမိန့်တွေကို စတင် လက်မှတ်ရေးထိုး ထုတ်ပြန်နေပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့က ထရမ့်နဲ့ ဒုတိယ သမ္မတလောင်း ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး အမေရိကန် နိုင်ငံရဲ့ ခေါင်းဆောင်တွေအဖြစ် တရားဝင် ရာထူး ဆက်ခံခဲ့ပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ လွှတ်တော် အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ရာထူးသက်တမ်း စေ့သွားသူ သမ္မတ ဂျိုးဘိုင်ဒန်လည်း တက်ရောက်ခဲ့ပါတယ်။

ထရမ့်ဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ် အမေရိကန် သမ္မတအဖြစ် ပထမသက်တမ်း ၄ နှစ်တစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဘိုင်ဒန်ကို အရေးနိမ့်ခဲ့တာပါ။ ဒါကြောင့် သူဟာ အမေရိကန်ရဲ့ ၄၅ ဆက်နဲ့ ၄၇ ဆက်မြောက် သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ထရမ့်ဟာ ထုံးတမ်းစဉ်လာတွေနဲ့အညီ ကျင်းပတဲ့ ကျမ်းကျိန်ပွဲ အခမ်းအနား ပြီးဆုံးတာနဲ့ ဝါရှင်တန်ဒီစီ မြို့ထဲက Capital One မိုးလုံလေလုံ အားကစား ခန်းမကြီးထဲမှာ ကြိုတင် စီစဉ်ထားပြီး ပရိသတ် ထောင်ချီ စုဝေးတက်ရောက်တဲ့ အောင်ပွဲခံ အခမ်းအနားကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ သူက အမေရိကန်ရဲ့ ရွှေခေတ်ဆီ ပြန်လည် ရောက်ရှိစေမယ်လို့ ထောက်ခံသူတွေကို မိန့်ခွန်း ပြောခဲ့သလို တကျော့ပြန် သမ္မတဘဝ ပထမဆုံး အထူးအမိန့် တချို့ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် သူဟာ အိမ်ဖြူတော်ဆီ ပြန်သွားပြီး အဲဒီမှာပါ နောက်ထပ် အမိန့်သစ်တွေကို ဆက်လက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိ ထရမ့်က လက်မှတ်ရေးထိုးထားတဲ့ အမိန့်တွေထဲမှာ ပါရီ ရာသီဥတု ထိန်းသိမ်းရေး သဘောတူ စာချုပ်ကနေ အမေရိကန် နုတ်ထွက်မယ့် ကိစ္စ၊ အမေရိကန်မှာ အစိုးရသစ်ရဲ့ ယန္တရားတွေ အပြည့်အဝ မလည်ပတ်သေးခင်မှာ ဖက်ဒရယ်ဌာနတွေရဲ့ ဝန်ထမ်းတွေ ခန့်အပ်မှုကို ဆိုင်းငံ့ထားရေးကိစ္စ၊ ဥပဒေကြောင်းအရ စွပ်စွဲချက်တွေကို နိုင်ငံရေးမှာ လက်နက်အဖြစ် အသုံးချနေမှုတွေကို တားမြစ်တဲ့ ကိစ္စတွေ ပါဝင်သလို သမ္မတဟောင်း ဘိုင်ဒန်လက်ထက် အမိန့်အများစုကိုပါ ပယ်ဖျက်ခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ဒန်အနိုင်ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လွှတ်တော်မှာ အတည်မပြုနိုင်စေဖို့အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တုန်းက လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့သူ ထရမ့်ထောက်ခံသူ ၁၅၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုဖို့လည်း ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ထရမ့် ထောက်ခံသူတွေဟာ အဲဒီ အမိန့်ကို အတည်ပြုပြီး နာရီပိုင်းအတွင်း လွတ်မြောက်လာဖွယ် ရှိပါတယ်။

သူဟာ အမေရိကန်-မက္ကဆီကို နယ်စပ်က တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုတွေနဲ့ ပတ်သက်ရင် အရေးပေါ် အခြေအနေလို့ သတ်မှတ် ကြေညာခဲ့သလို အမေရိကန် အစိုးရ လုပ်ငန်းစဉ် ထိရောက်ရေးဌာန (DoGE)ကို ထူထောင်သွားမယ့် အမိန့်ကိုပါ အတည်ပြုခဲ့ပါတယ်။ အဲဒီ ဌာနကို ဘီလီယံနာ လုပ်ငန်းရှင် သူဌေးကြီးလည်းဖြစ်၊ ထရမ့်ရဲ့ အနီးကပ် မဟာမိတ်လည်းဖြစ်တဲ့ အီလွန်မတ်စ်ခ်က ဦးဆောင်သွားမှာပါ။

ထရမ့်ဟာ အမိန့်တစ်ခုစီ လက်မှတ်ရေးထိုးနေချိန် အတောအတွင်း အိမ်ဖြူတော်မှာ သတင်းထောက်တွေရဲ့ မေးခွန်းတချို့ကိုလည်း ဖြေကြားခဲ့ပါတယ်။ ထရမ့်က တရုတ်သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ မြှင့်တင်ဖို့ စဉ်းစားထားကြောင်း ပြောဆိုထားတဲ့အပေါ် သတင်းထောက် တစ်ယောက်က မေးခွန်းမေးတဲ့အခါ တိုက်ရိုက် မဖြေပေမယ့် သူဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီ ဖုန်းဆက်ပြီး အရမ်းကောင်းမွန်တဲ့ စကားပြောဆိုမှုမျိုး ရှိထားကြောင်း တုံ့ပြန်သွားပါတယ်။

နောက်ပြီး ဒိန်းမတ် လက်အောက်ခံ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်ထဲ သိမ်းသွင်း ဝယ်ယူချင်တဲ့ သူ့ရဲ့ ဆန္ဒနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ထရမ့်က ဂရင်းလန်ဟာ ဒိန်းမတ် လက်အောက်ခံ ဘဝမှာ ပျော်ပိုက်မနေဘူးလို့ ဖြေကြားသွားပါတယ်။

အမေရိကန်မှာ သမ္မတ တစ်ဦးဟာ ၄ နှစ်သက်တမ်း ၂ ကြိမ်ထိ တာဝန်ထမ်းဆောင်ခွင့် ရှိတာကြောင့် ဒါဟာ ထရမ့်ရဲ့ နောက်ဆုံးလက်ကျန် ၄ နှစ် သမ္မတသက်တမ်း အစပြုမှု ဖြစ်ပါတယ်။

ထရမ့်က သူဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတချို့ ရပ်တန့်အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့သလို သူသာ သမ္မတအဖြစ် တာဝန်ယူနေမယ်ဆိုရင် ယူကရိန်းနဲ့ ဂါဇာမှာ စစ်ပွဲတွေတောင် ဖြစ်ပွားလာခဲ့မှာ မဟုတ်ဘူးလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်ကာလတွေ ကတည်းက သူသာ သမ္မတ ဖြစ်လာရင် ယူကရိန်း စစ်ပွဲကို အဆုံးသတ်ပေးမယ်၊ အမေရိကန်မှာ ရှိနေတဲ့ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဖိဖိစီးစီး ဖြိုခွင်းမယ်၊ နိုင်ငံတကာ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ မြှင့်တင်မယ်၊ ရုပ်ကြွင်းလောင်စာ ထုတ်ယူမှုတွေကို အားပေး မြှင့်တင်မယ်ဆိုတဲ့ မူဝါဒတွေ ကျင့်သုံးဖို့ ကြိုတင် အသိပေး ထုတ်ပြန်ထားခဲ့သူလည်း ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ယာယီ ပိတ်ချခဲ့ပြီး တစ်ရက်လောက် အကြာမှာပဲ အမေရိကန် နိုင်ငံမှာ TikTok ဝန်ဆောင်မှုတွေ ပြန်လည် အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ် ပင်လယ် ရေပြင်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့နောက် ဒေါ်နယ်လ်ထရမ့်ဟာ ၄ နှစ်ကြာ ကင်းကွာနေတဲ့ အိမ်ဖြူတော်ဆီ တကျော့ပြန် ရောက်ရှိလာတော့မှာပါ။ ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် လွှတ်တော် အဆောက်အအုံ ကက်ပီတိုလ်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့အခါ ထရမ့်ဟာ အမေရိကန် သမ္မတ တာဝန်ကို ဒုတိယ အကြိမ်မြောက်...

နိုင်ငံတကာ

ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ တစ်ခုဖြစ်တဲ့ TikTokကို အမေရိကန်မှာ အသုံးပြုလို့ မရတော့ဘူးလို့ သိရပါတယ်။