close
Connect with us

Hi, what are you looking for?

သတင်း

NUGကာကွယ်ရေးဝန်ကြီးနှင့် မကွေး – ရက္ခိုင် အခြေစိုက် PIO/PIA တပ်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် တွေ့ဆုံပြီး စစ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)မှ ရဲဘော်အချို့ ရှေ့တန်းမှ ပြန်လာသည်ကို ဇန်နဝါရီ ၂၀ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - PIA)

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် တွေ့ဆုံပြီး စစ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

တွေ့ဆုံသည့် နေ့ရက်နှင့်နေရာဒေသ အတိအကျ ဖော်ပြခြင်းမရှိသော်လည်း အတော်လှန်ရေး ကာလအတွင်းလုပ်ဆောင်ချက်များနှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ဟု ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)က ဇန်နဝါရီ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် ပူးပေါင်းကူညီဆောင်ရွက်ရန် ဆွေးနွေး သဘောတူညီခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အနာဂတ်ဖက်ဒရယ်တပ်မတော် တစ်ရပ် တည်ဆောက်ရေး ရည်မှန်းချက်များနှင့် တော်လှန်ရေး ကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်များကို လိုက်နာရန် အတွက်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းလည်း ဖော်ပြသည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ PIO/PIA အဖွဲ့ထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သတင်းပြန်ကြားရေး PVTV ကလည်း ယနေ့ (ဇန်နဝါရီ ၂၉ရက်)တွင် ဖော်ပြခဲ့ရာ တွေ့ဆုံမှုကို ၂၀၂၄ ဒီဇင်ဘာ ၂၃ရက်တွင် လွတ်မြောက်နယ်မြေ တနေရာ၌ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

PIO/PIAသည် မကွေး-ရက္ခိုင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

စစ်ဆင်ရေးများအနက် ၂၀၂၄ ဒီဇင်ဘာက အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊ New Society Army (NSA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း စစ်သုံ့ပန်း ၁၂ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာလဆန်းတွင် PIAက သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်(AA)၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်‌ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းရခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

သတင်း

၂၀၂၄အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄,၀၀၀ကျော် သေဆုံးအောင် တော်လှန်ရေးတပ်များက တိုက်ခိုက်နိုင်ခဲ့ပြီး တပ်စခန်း ၇၄၀ကျော် သိမ်းရခဲ့ဟု အသိပေး

သတင်း

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။