close
Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့ ၄ဖွဲ့ပေါင်းစည်းပြီး CPU/CPA အဖြစ်ဖွဲ့စည်း

ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်၀မြို့နယ်တွေက ချင်းဒေသကာကွယ်ရေးတပ်(CDF) လေးဖွဲ့ကို Chin People’s Union/Chin People Army(CPU/CPA) အဖြစ် ပေါင်းစည်းလိုက်ကြောင်း CPU ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက အတည်ပြုပြီး ချင်းညီနောင် သဘာပတိ ဆလိုင်းပီတာထန်းက ပြောပါတယ်။

CDF-ကန်ပက်လက်၊ CDF မင်းတပ်နဲ့ CDF မတူပီမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF

ဇန်နဝါရီ-၁၊၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်၀မြို့နယ်တွေက ချင်းဒေသကာကွယ်ရေးတပ်(CDF) လေးဖွဲ့ကို Chin People’s Union/Chin People Army(CPU/CPA) အဖြစ် ပေါင်းစည်းလိုက်ကြောင်း CPU ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက အတည်ပြုပြီး ချင်းညီနောင် သဘာပတိ ဆလိုင်းပီတာထန်းက ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ CDF မင်းတပ်၊ CDF ကန်ပက်လက်နဲ့ CDF မတူပီတို့အပြင် ချင်းညီနောင်အဖွဲ့ဝင် မဟုတ်သေးတဲ့ ပလက်၀မြို့နယ် က Daai Regional Council/CDF Daai စတဲ့ တပ်ဖွဲ့ ၄ခုကို CPU/CPA အဖြစ် စုဖွဲ့ခဲ့တာလို့ ဆိုပါတယ်။

” CPUက ချင်းပြည်နယ် တောင်ပိုင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေက ပေါင်းစည်းတည်ထောင်ထားတာပါ” လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ချင်းညီနောင် သဘာပတိ ဆလိုင်းပီတာထန်းကလည်း ချင်းညီနောင်ကို စတင်ဖွဲ့စည်းချိန်က အဖွဲ့ ၃ဖွဲ့နဲ့ စုဖွဲ့ခဲ့တာ ဖြစ်ပြီး ၂နှစ်တာအတွင်း အဖွဲ့ဝင် ၆ဖွဲ့ ရှိလာကြောင်း အသိပေးပါတယ်။ဒါပေမဲ့ ချင်းတောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်နဲ့ မတူပီရှိ ချင်းညီနောင်အဖွဲ့ဝင်တွေဟာ DRC နဲ့ ပေါင်းပြီး CPU/CPA အနေဖြင့် တဖွဲ့တည်း ပေါင်းစည်းလိုက်တာကြောင့် ချင်းညီနောင်အဖွဲ့ဝင်ဟာ ၄ဖွဲ့သာ ဖြစ်သွားကြောင်း ရှင်းပြပါတယ်။

ချင်းညီနောင်ရည်ရွယ်ချက်မှာ ချင်းညီနောင်မှာရှိတဲ့ အဖွဲ့ဝင်တွေအားလုံး တပ်တွေအားလုံး စုဖွဲ့သွားဖို့ ရှိကြောင်းလည်း ဆလိုင်းပီတာထန်းက ပြောပါတယ်။ လက်ရှိမှာ လည်း ချင်းညီနောင်အနေနဲ့ ချင်းအမျိုးသားရေး၊ ပြည်ထောင်စုအရေးနဲ့ ပတ်သက်လာပါက မူဝါဒတခုတည်း၊ အသံတသံတည်းအဖြစ် ဆောင်ရွက်ဖို့ ရှိကြောင်း အသိပေးပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအဆင့်မှာလည်း ပါဝင်နိုင်ဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှာ ပါဝင်ထားတယ်လို့လည်း ဆလိုင်းပီတာထန်းက ပြောပါတယ်။

ချင်းညီနောင်အနေနဲ့ ဒေသလွတ်မြောက်ရေးသာမက ပြည်ထောင်စုတခုလုံးလွတ်မြောက်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးပမ်းသွားမယ်လို့ ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဆလိုင်းထန်းချွန်းဖေကအဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းလူမျိုးတွေအပေါ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၃၀ ပြုလုပ်ခဲ့ရာ ချင်းအရပ်သား ပြည်သူ နဲ့ တော်လှန်ရေးရဲဘော် စုစုပေါင်း ၃၆၆ ဦး ကျော်သေဆုံးကြောင်း ချင်းရေးရာအဖွဲ့(ICA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုနှစ်ခုဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပါဝင်သည့် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အကြား တိုက်ပွဲနှင့်ပဋိပက္ခများ ပြေလည်မှု ရရှိရေးအတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ အဖွဲ့အစည်းအသီးသီးက ကြားဝင်ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေ၍ နောက်ဆုံးအနေဖြင့် မီဇိုရမ်ဒေသ ခရစ်ယာဉ်ဘာသာရေးပေါင်းစုံ စုဖွဲ့ထားသည့် MKHCC အဖွဲ့က ညှိနှိုင်းပေးလျက်ရှိကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ခေါင်းဆောင်တဦးဖြစ်သည့် ဆလိုင်းလျန်လွယ်က...

ဆောင်းပါး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲကြားက သမိုင်းဝင် ဂုတ်ထိပ်တံတားကြီး မနေ့က သြဂုတ် ၂၄ ရက်နေ့မှာ မိုင်းခွဲခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပေမဲ့ စစ်အုပ်စုက TNLA လက်ချက်ဆိုပြီး ဦးအောင်ဝါဒဖြန့်ပါတယ်။TNLA ကလည်းစစ်တပ်လက်ချက်ဆိုပြီး​ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း အင်အားအများအပြားနဲ့ စစ်တပ်ရဲ့ထိုးစစ်ဟာအလုပ်ဖြစ်လား ၊ တန်ပြန်ဘယ်လို အန္တရာယ်တွေရှိလဲ ဆိုတာဒီတစ်ပါတ်ဆွေးနွေးပါမယ်။