မေ-၂၈၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပြည်သူတွေက “ Free All Political Prisoners” ဆိုတဲ့ စာသားကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တစ်နိုင်ငံလုံးရှိိ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေဖို့ကို ဆုတောင်းဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုရှေ့မှောက်အသက်ရှိထင်ရှားရှိကြောင်း ပြသပေးဖို့ “ Proof of Life” စာသားကိုင်ဆောင်ပြီး ကျန်းမာစေလိုကြောင်း ကြွေးကြော်သံတွေနဲ့လည်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ယင်းဆန္ဒပြလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ် ၅/ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။




















































