close
Connect with us

Hi, what are you looking for?

သတင်း

ပြည်အကျဉ်းထောင်မှာ NLD ပါတီဝင် နိုင်ကျဉ်းတစ်ဦး ကျဆုံး

ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးထားပါတယ်။

မေ-၂၄၊၂၀၂၆။သတိုး/People’s Spring

ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးထားပါတယ်။

ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားက ပြည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် ကိုဌေးအောင်နိုင်ဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကျဆုံးသွားတာလို့ PPNM က မေ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုဌေးအောင်နိုင်က မေ ၂၁ ရက် နေ့လည်က ဝမ်းချုပ်ခြင်း၊ ရင်ပြည့်ခြင်းနဲ့ အသက်ရှူမဝခြင်း ဝေဒနာ တွေခံစားရတာ‌ ကြောင့် ထောင်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး အခြေအနေဆိုးရွားလာတာကြောင့် မေ ၂၂ ရက်နံနက် မှာ ပြည်မြို့နယ် ကုတင် ၅၀၀ ဆေးရုံကြီးကို လွှဲပြောင်းကုသခွင့်ရရှိခဲ့ပေမယ့် နေ့လည်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကျဆုံးသွားတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကိုဌေးအောင်နိုင်ကို ၂၀၂၃ နိုဝင်ဘာလ ၃၀ မှာ စစ်တပ်က နေအိမ်ကိုဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီလ ၁၇ ရက်မှာ ပြည်ခရိုင်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၂-က၊ ၅၀-ည တွေနဲ့ ထောင်ဒဏ် ၁၅ နှစ် မတရားအမိန့်ချမှတ်ခဲ့တာပါ။

ကိုဌေးအောင်နိုင်က ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ်ရှိပြီဖြစ်ပြီး မေ ၂၃ ရက် နေ့လည်က ပြည်မြို့ အေးငြိမ်းရာ ဘာသာပေါင်းစုံသုဿန်မှာ မိသားစုဝင်တွေနဲ့ သင်္ဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

“ လူတွေအများကြီးထားရှိပြီးတော့ သူနာပြုတွေ ဆရာဝန်တွေ အင်အားမလုံလောက်တာ ပြီးတော့ အခြေခံဆေးဝါးကအစ ပါရာစီတမောလောက်ပဲပေးတာမျိုး အိုမီပရာဇောလောက်ပဲပေးတာမျိုးရှိနေတဲ့ အခြေအနေမှာ နာတာရှည်ရောဂါရှိနေတဲ့သူတွေ ဆိုရင်လည်း ဆေးပုံမှန်မရတာမျိုးတွေရှိတယ်။ အိမ်ကပါဆယ်ပို့တဲ့ အခါမျိုးတွေမှာဆိုရင်လည်း ဆေး တွေကိုဖြတ်ယူထားမျိုးတွေ နိုင်ငံရေးအကျဉ်းသားတွေဆီကို တိုက်ရိုက်မရောက်ရှိတာမျိုးတွေ အရေးပေါ်လူနာတွေကို ပိုက်ဆံပေးမှ ဆေးရုံတက်လို့ရတာတွေ ဒီလိုမျိုးတွေရှိနေတယ်ပေါ့။ ဒီလိုအခြေအနေကြောင့်မိုလို့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရောဂါအ‌ခြေအနေ‌တွေ ပိုပြီးတော့ပြင်းထန်လာတာ ရောဂါမရှိတဲ့သူတွေဆိုလို့ရှိရင်လည်း ထောင်ထဲရောက်မှရောဂါရှိလာတာမျိုးတွေ ပြီးလို့ရှိရင်လည်း အခုလိုမျိုးကျဆုံးတာတွေလည်းရှိနေတယ်” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းကပြောပါတယ်။

PPNM အနေနဲ့ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု အချိန်မီ ကောင်းမွန်စွာ မရရှိတာ ဖိနှိပ်ချုပ်ချယ်မှုဒဏ် တွေကြောင့် အသက်ပေးဆပ်ရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ တစ်စတစ်စ တိုးပွားလာတဲ့အပေါ် ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ဒီကိစ္စတွေက စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေမှာတာဝန်ရှိတယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

PPNM ရဲ့ စာရင်း တွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာအထိ အကျဉ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိမှုနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိမှု တွေကြောင့် နိုင်ငံရေးအကျဥ်းသား ၂၈ဦးအထိ ကွယ်လွန်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်အတွင်း ဖိနှိပ်မှုနဲ့ လွတ်ငြိမ်းခွင့်ပေးမှုအပေါ် နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြပြီးနောက် စစ်ခေါင်းဆောင်ထံ တောင်းဆိုချက် ၁၅ ချက် ပေးပို့ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းမှု (၅)နှစ်တာ အချိန်ကာလမှာ အောင်မြင်သော တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲ အခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး အမှားတွေ သင်ခန်းစာယူကာ ပိုထိရောက်တဲ့ တော်လှန်ရေးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်သလို ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ...

သတင်း

ရွှေဘိုအကျဉ်းထောင်မှာ စစ်ကောင်စီထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာခံစားနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)က မတ်လ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

Facebook