close
Connect with us

Hi, what are you looking for?

သတင်း

UFC ချန်ပီယံဗန် နဲ့ အဆို​တော်ဖြူဖြူကျော်သိန်း မလေးရှားမှာပရိသတ်တွေနဲ့တွေ့ဆုံပွဲပြုလုပ်

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

မေ-၂၅၊၂၀၂၆။သုည/People’s Spring

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

ယင်းတွေ့ဆုံပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu Hall မှာ ည ၇ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိတ်သတ်​တွေခန်းမပြည့်လျှံ​အောင် တက်​ရောက်အား​ပေးကြတာ​တွေ့ရပါတယ်။

မူလက မေလ ၂၇ ရက်မှာ ကျင်းပမယ့် Chin Refugee Committee (CRC) အသင်းရဲ့ (၂၅) နှစ်မြောက် ငွေရတုအခမ်းအနားမှာ ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်ဖို့ စီစဥ်ခဲ့ပေမယ့် ခန်းမအခြေအနေကြောင့် အားပေးလိုသူအားလုံး ဆန့်မှာမဟုတ်တဲ့အတွက် (Meet & Greet) အစီအစဉ်ကို ဒီကနေ့မှာ စီစဥ်ခြင်း ဖြစ်ကြောင်း CRC က ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျိုရှုအာဗန်ဟာ လူငယ်တွေအတွက် စိတ်အားတက်ကြွစေမယ့် အားပေးစကားတွေ ပြောကြားခဲ့သလို ဖြူဖြူကျော်သိန်းကလည်း သီချင်းသီဆို ​ဖျော်ဖြေခဲ့ပါတယ်။

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုအာဗန်ဟာ မလေးရှား ခရီးစဉ်အပြင် ထိုင်းနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့ MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ချင်းတိုင်းရင်းသား ဗန်ဟာ အာရှမှာ ပထမဆုံး UFC ချန်ပီယံဖြစ်ပါတယ်။

မေလ ၃၀ ရက်မှာ မီဇိုရမ်ဒေသ အိုင်းဇော်မြို့မှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFCဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဓာတ်ပုံ – Chin Refugee Committee

ဆက်စပ်သတင်းများ

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

ဆောင်းပါး

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် ပထမဆုံး UFC ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ လှလှပပ အနိုင်ယူပြီးတဲ့​နောက် မွေးရပ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့မ​လေးရှား လာမယ့်ရက်သတ္တပတ်အတွင်း လာ​ရောက်​တော့မှာပါ။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။

သတင်း

ဒီကနေ့မနက်က အမေရိကန်မှာ ထိုးသတ်ခဲ့တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက်ဂျပန်ဖိုက်တာ တက်ဆူရိုကို နောက်ဆုံးအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။