close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွား

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဓာတ်ပုံ - Na Gwin

မေ -၂၅၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မြိုင်မြို့ရဲ့အရှေ့ မြောက်ဘက်မှာရှိတဲ့ စစ်တပ်အခြေစိုက်ထားတဲ့လင်းကတောကျေးရွာက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီကနေ့(မေ ၂၅ ရက်) မနက်ပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ ချောက်တောင်းရွာအဝင်နားမှာ မိုင်းမိတာ။မျက်မြင်သေတာတင် တစ်ယောက်။ထိတာ သုံးယောက်ရှိတယ်။ထမ်းစင်တွေနဲ့ ပြန်သွားတာ” လို့ ‌မြိုင်မြို့နယ်ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၂၄ရက်ကစပြီး မြိုင်မြို့မြောက်ဘက်ခြမ်းက မရိုးကန်ကျေးရွာကို လင်းကတောရွာအခြေစိုက် ထားတဲ့စစ်တပ်က ၀င်ရောက် မီးရှို့ခဲ့တယ်လို့လည်း အသိပေးပါတယ်။

“ လင်းကတောမှာက ပုံမှန် စစ်တပ်အင်အား ၅၀ ၀န်းကျင်ရှိတယ်။အခု စစ်ကြောင်းထိုးလာတာက အင်အား ၂၀၀လောက်ပါတယ်။ရေစကြိုဘက်က တပ်တွေ “ လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်‌က ပြောပါတယ်။

လင်းကတောစခန်းကို တော်လှန်ရေးတပ်တွေက ၂၀၂၂ နဲ့ ၂၀၂၃ မှာ သိမ်းပိုက်ခဲ့ဖူးပေမယ့် လေကြောင်းကနေ ဗုံးကြဲမှုတွေ ကြောင့် ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။

အခု မေလ ၂၃ ရက်မှာ မြိုင်မြို့နဲ့ ၁၃ မိုင်အကွာက စစ်တပ်တပ်စွဲထားတဲ့ သရက်ကန်ပျူစောထီးရွာကို ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စစ်တပ်က မြိုင်မြို့ပေါ်မှာ စုရုံးတပ်တည်ထားပြီး မြို့တွင်း စီးပွားရေးဘဏ်၊ ရဲစခန်းနဲ့ စျေးတွေမှာ တပ်စွဲထားတာရှိတယ်လို့ ဒေသတွင်းသတရင်းမြစ်က ဆိုပါတယ်။မြိုင်မြို့နယ်ရဲ့စစ်ရေးအခြေအနေတွေအရ မြို့နဲ့ (၁)မိုင်ခွဲအကွာဝန်းကျင်အထိ တော်လှန်ရေးအင်အားစုတွေက စစ်ရေးအရ ဖြန့်ကျက်မှုတွေရှိတယ်လို့ သိရပါတယ်။

သရက်ကန်ရွာသိမ်းခံရပြီးနောက် မြိုင်မြို့အနောက်တောင်ဘက်က တပ်မတော်အကြီးစားစက်ရုံ (တစက ၃) ဒေသအခေါ် စက်မှု (၂)ကို ပခုက္ကူ တပ်မ( ၁၀၁)က ရဟက်ယာဉ်နှစ်စီးနဲ့ လက်နက်ခဲယမ်း နဲ့ အင်အားတွေ ဖြည့်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်က အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့စစ်ကြောင်းတွေကို (၃)မိုင်အကွာက ရှောင်ရှားကြဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ သတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်က အာဏာသိမ်းစစ်တပ် အထိုင်ချထားတဲ့ ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း မြိုင်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုညသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (မေလ ၂၁ ရက်) ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း မြိုင်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုလှုပ်ရှားမှုကို ဒီကနေ့ (မေလ ၂၀ ရက်) ပြုလုပ်ခဲ့ပါတယ်။