မေ-၂၅၊၂၀၂၆။ဆဏ်း/People’s Spring
Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။
မေလ ၂၇ ရက် SJKC Chung Kwo ၊Jalan Loke Yew မှာ ပြုလုပ်မယ့် CRC 25th Anniversary မှာ ဖြူဖြူကျော်သိန်းက အထူးဧည့်သည် အနေနဲ့ ဖျော်ဖြေတင်ဆက်ပေးမှာဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို ရောက်ရှိလာတဲ့ ဖြူဖြူကျော်သိန်းကို CRC အဖွဲ့ဝင်တွေက လေဆိပ်မှာသွားရောက်ကြိုဆိုခဲ့ပြီး ချင်းရိုးရာပုဝါတွေ ပန်းစည်းတွေလက်ဆောင်ပေးခဲ့ပါတယ်။

Public Service Announcement
ဖျော်ဖြေပွဲမတိုင်ခင် မေ ၂၅ ရက် ICC Pudu Hall ၆ လွှာ မှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်မယ်လို့ သိရပါတယ်။
ဒီပွဲကို ချင်းတိုင်းရင်းသား UFC Fly Weigh Champion ဂျိုရှုအာဗန်လည်း တတ်ရောက်မှာဖြစ်ပြီး မေ ၂၇ ရက်ပွဲက ခန်းမ အခြေအနေအရ လူဦးရေအကန့်အသတ်ရှိတာကြောင့် မေ ၂၅ ရက်မှာ ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်ပေးတာလို့ CRC က အသိပေးထားပါတယ်။


















































