close
Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်ရထားလက်မှတ် တန်းစီဝယ်ယူသူများနေ

သင်္ကြန်ရုံးပိတ်ရက်ရှည်အတွက် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားက အထူးရထားတွေပြေးဆွဲပေးပေမယ့် ရောင်းချပေးတဲ့ကြိုတင်လက်မှတ်အရေအတွက်နည်းတာကြောင့် လက်မှတ်ရဖို့ တန်းစီဝယ်ယူနေရတဲ့ ပြည်သူတွေ အဆင်မပြေမှု ကြုံနေရပါတယ်။

ဧပြီ-၉၊၂၀၂၆။ရောင်နီ/People’s Spring

သင်္ကြန်ရုံးပိတ်ရက်ရှည်အတွက် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားက အထူးရထားတွေပြေးဆွဲပေးပေမယ့် ရောင်းချပေးတဲ့ကြိုတင်လက်မှတ်အရေအတွက်နည်းတာကြောင့် လက်မှတ်ရဖို့ တန်းစီဝယ်ယူနေရတဲ့ ပြည်သူတွေ အဆင်မပြေမှု ကြုံနေရပါတယ်။

ပြည်သူတွေက ကြိုတင်လက်မှတ်ဝယ်ယူဖိုနံနက် လေးနာရီလောက်ကတည်းက လက်မှတ်ရုံတွေမှာ တန်းစီနေကြရတာဖြစ်ပြီး ဒီနေ့(ဧပြီ ၉)နံနက်မှာ ခရီးစဉ်တစ်ခုကို တန်းစီနေသူ ရာနဲ့ချီရှိပါတယ်။

ဧပြီ ၁၀ ရက်ကနေ ၁၂ ရက်အထိ ရန်ကုန်-မန္တလေး ၊ ရန်ကုန်-ပြည် ၊ ရန်ကုန်-မော်လမြိုင် ရထားတွေကို ပုံမှန်ပြေးဆွဲနေကြ ခရီးစဉ်အပြင် အထူးရထားတွေပြေးဆွဲပေးမယ်လို့ မြန်မာ့မီးရထားကကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့မီးရထားက ကြိုတင်လက်မှတ်တွေကို အထူးတန်းအတွက် သုံးရက် ၊ ရိုးရိုးတန်းအတွက် တစ်ရက်ကြိုတင်ရောင်းချပေးနေတာဖြစ်ပြီး တစ်ဦးကို လက်မှတ်နှစ်စောင်နှုန်းရောင်းပေးနေတာပါ။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလက ရထားစီးခရီးသည်များပြားလေ့ရှိပြီး ဒီနှစ်မှာတော့ စက်သုံးဆီဈေး ကြောင့် အဝေးပြေးကားလက်မှတ်ခတွေမြင့်တက်နေတာက ရထားစီးသူပိုများလာတာဖြစ်နိုင်တယ်လို့ ခရီးသွားတွေကသုံးသပ်ပါတယ်။

ကားခတွေ ဈေးမတတ်ခင်ကာလက ရထားတွေရဲ့ အထက်တန်းလက်မှတ်ဈေးတွေနဲ့ ကုန်ကျစရိတ် မကွာပေမယ့် လက်ရှိအချိန်မှာတော့ နှစ်ဆလောက်ကွာဟနေတာပါ။

လက်မှတ်တန်းစီဝယ်ယူသူတွေများပြားလွန်းပြီး မှောင်ခိုလက်မှတ်ဝယ်ယူသူတွေလည်းရှိနိုင်တာကြောင့် လက်မှတ်စစ်တွေက တန်းစီနေတဲ့ခရီးသည်တွေကို မှတ်ပုံတင်လိုက်စစ်နေတာလည်းတွေ့ရပါတယ်။

ဒီနှစ်မှာ ရန်ကုန်-နေပြည်တော် – မန္တလေး ရထားလက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ ရောင်းပေးနေတာဖြစ်ပြီး ၆ ရက်လောက်ကြိုတင်ဝယ်ယူရတယ်လို့ ခရီးသည်တစ်ဦးကပြောပါတယ်။

အွန်လိုင်းကလက်မှတ်ရောင်းချရာမှာလည်း ဒီရက်ပိုင်းမှာ ဝယ်ယူသူများလွန်းတာကြောင့် လက်မှတ်ခဖြတ်ပြီး လက်မှတ်မရသူတွေရှိတာကြောင့် ပြန်လည်ဖြေရှင်းနေရတာတွေလည်းရှိပါတယ်။

ရထားလက်မှတ်ဝယ်ယူရာမှာမှောင်ခိုဈေးကွက်လည်း ရှိပြီး ပုံမှန်ဈေးထက် နှစ်ဆလောက်ပေးရတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။

ဓာတ်ပုံ − PS

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီလ ၇ ရက်နေ့က ဖားကန့်ပြည်သူ​တွေ နဲ့ လုံးခင်းသပိတ်အင်အားစု​တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်ထိုးခြင်းကို ၆ နှစ်မြောက်ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လာမယ့်သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအသိ၊သတိနဲ့ ဖြတ်သန်းကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။

သတင်း

ပြည်တွင်းမှာ စက်သုံးဆီကိစ္စအပါအဝင် ပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရပေမယ့် စစ်ကောင်စီက သင်္ကြန်ပွဲတော်အတွက် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။