close
Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးက ဝဲကြီးရွာဆိပ်ကမ်း စစ်တပ် ဗုံးကြဲ၊ ကလေးငယ်နဲ့မိခင် ထိမှန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ−၉၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၈ရက် မနေ့က နေ့ခင်း ၂နာရီခန့်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ Paramoter (စက်တပ်လေထီး)နဲ့ ဝဲကြီးရွာဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုအတွင်း တခြားကျေးရွာက စက်လှေပို့တဲ့အလုပ်ကို လာရောက်လုပ်ကိုင်နေတဲ့ အသက် (၃၀‌)အရွယ်မိခင်ဖြစ်သူနဲ့ (၂)လသားအရွယ် သားဖြစ်သူတို့ ထိမှန် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ ဒဏ်ရာတွေ ကတော်တော် များတယ်ဗျ။ကလေးကလည်းစိုးရိမ်ရတယ်” လို့ ချင်းတွင်းဒိုင်းနမိုက် ဒေသကာကွယ်‌ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိခင်နဲ့က လေးငယ်ကို ဆေးရုံပို့ထားပြီး နောက်ဆက်တွဲအခြေ‌‌အနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်သုံးဆီသယ်ယူပို့ ဆောင်နိုင်တဲ့ ဆိပ်ကမ်းနဲ့ နေရာတွေလည်း စစ်တပ်က ဗုံးကြဲတာ တွေလိုက်လံ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်တပ်က မနေ့ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်းက ငါးဆူကုန်းရွာကို လေယာဉ်နဲ့ ဗုံးကြဲသွားတာမို့ နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။