close
Connect with us

Hi, what are you looking for?

သတင်း

KNU ညောင်လေးပင်ခရိုင်ကို စစ်တပ် လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူအချို့ ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ−၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၃၀ရက်နဲ့ ၃၁ရက်က စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ပြည်သူ အချို့ ထိခိုက်ကာ နေအိမ်ပျက်စီးမှုတွေရှိခဲ့တဲ့ အခြေအနေကို အသိပေးထားတာဖြစ်ပါတယ်။

မတ်လ ၃၁ရက်က လယ်ဒိုမြို့နယ် ကြိတ်ကင်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူလူထုနေအိမ် ၃လုံးပျက်စီးခဲ့ပြီး ကော်သာစေးရွာခံ အမျိုးသားတစ်ဦးလည်း စစ်တပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၃၀ရက်မှာ တောင်ငူလေတပ်က တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ (၄)နှစ်ကလေး အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ KNU ညောင်လေးပင်ခရိုင်အတွင်း နေထိုင်တဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တို့နဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေလို့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးနေရကြောင်း ဖော်ပြကာ ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ဟာ KNU နယ်မြေတွေ အပါအဝင် နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီး စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထု အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိတဲ့စစ်တပ်စခန်းနှစ်ခုကို ပြီးခဲ့တဲ့ မတ်လ တတိယပတ်အတွင်းသိမ်းယူလိုက်နိုင်တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုက​ရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF ကို မတ်လ ၃၀ ရက်မှာကချင်လွတ်လပ်​ရေးအဖွဲ့( KIO)၊ကရင်အမျိုးသားအစည်းအရုံး( KNU)၊ကရင်နီ အမျိုးသားတိုးတက်​ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) ၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ကနဦးဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။