close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူထောင်သောင်းချီ ဖမ်းဆီးသတ်ဖြတ်ပြီး သမ္မတရာထူးယူတဲ့ မင်းအောင်လှိုင်ကို ၀တပ် UWSAက ဂုဏ်ပြုတဲ့အပေါ် ပြည်သူတွေ ဝေဖန်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

(၂၀၂၃ လွတ်လပ်ရေးနေ့အခမ်းအနားမှာ သမ္မတအဆောင်အယောင်ရွှေစလွယ်နဲ့ စစ်ခေါင်းဆောင်ကို တွေ့ရစဥ်။ ဓာတ်ပုံ - AP)

ဧပြီ−၃၊၂၀၂၆။ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့တဲ့အေပါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။ ဝတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဦးညီရန်းက သဝဏ်လွှာပေးပို့တဲ့စာကို သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားရာမှာ ပြည်သူတွေက ဝင်ရောက်မှတ်ချက်ပြုနေကြတာ ဖြစ်ပါတယ်။

“ အဟမ်း ..အဟမ်း ၊ တရုတ်ကြီးက ချက်ချင်းပဲ ပြောခိုင်းတာလား” လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် ပြည်သူတစ်ဦးကလည်း “ ကိုညီရန်းရေ ကယန်းဒေသမှာ ကျဆုံးသွားတဲ့ ၀ ရဲဘော် ၃၀ မျက်နှာလေးပြန်ထောက်ပါလားဗျာ” လို့ ရေးသားထားပါတယ်။

“ သားကြီး ဒါတွေကိုမမေ့ကြေးနော် ငါတို့ကတော့သေထိမမေ့ဘူး မျိုးရိုးစဥ်ဆက်ပါလက်ဆင့်ကမ်းသွားဦးမှာ” လို့လည်း ပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

“ အာဏာသိမ်းကတည်းက ကြိုရေးထားတာဟ” လို့လည်း ရေးသားထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူဖို့ ကြိုးပမ်းနေတဲ့ အခုရက်ပိုင်းအတွင်းမှာလည်း ဒေသအနှံ့က ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဝတပ်ဖွဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ မင်းအောင်လှိုင်ဟာ တပ်ချုပ်အဖြစ် တာဝန်ယူစဉ် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံမှု၊ လူမှုစီးပွား တည်ငိမ်တိုးတက်ရေးကို များစွာ ကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတဲ့ အချက်အလက်အမှားတွေနဲ့ မင်းအောင်လှိုင်ကို ၀တပ်ဖွဲ့ UWSAက မြောက်ပင့်ခဲ့ပါတယ်။

ဒါ့အပြင် ၀တပ်ဖွဲ့က နိုင်ငံကနေ ခွဲထွက်တာ သီးခြားလွတ်လပ်ရေး ကြေညာတာ မရှိစေရ ဟုလည်း သဝဏ်လွှာမှာရေးသားထားပါတယ်။ဒါပေမဲ့ UWSA အုပ်ချုပ်တဲ့ ဒေသမှာ စစ်ကောင်စီတပ် နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေး လက်ခံထားရှိခြင်း မရှိပါဘူး။

မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ တိုးတက်မှုနဲ့ တိုင်းရင်းသား ပြည်သူအားလုံး သာယာ၀ပြောမှုတို့ အမြန်ဆုံး ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ၀တပ် UWSAက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၅နှစ်တာအတွင်း အရပ်သား ပြည်သူ ထောင်သောင်းချီဖမ်းဆီး သတ်ဖြတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ပြည်သူလူထုနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်က ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာလည်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူလူထုတွေရဲ့ နေအိမ်အဆောက်အအုံ ၁သိန်း ၂သောင်းကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ အဓမ္မ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လူငယ်လူရွယ်တွေကို စစ်သားသစ်အဖြစ် စုဆောင်းကာ ရှေ့တန်းစစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးပြုမှုတွေလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းအောင်လှိုင်ဟာ စစ်အုပ်စိုးမှုကို စွန့်လွှတ်ချင်လွန်းလို့ သမ္မတရာထူးကို လိုချင်နေတာ မဟုတ်ပါဘူး။ စစ်အရင်းရှင်အုပ်စုအနေနဲ့ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အကျပ်အတည်းကြီးထဲကနေ သူတို့ရဲ့ ကြီးစိုးခြယ်လှယ်ရေးစနစ်ကို ကယ်ဆယ်ဖို့ ကြိုးစားနေလို့သာ လိုချင်နေတာပါ။ အဓိကပြောရရင်တော့ သူဟာ သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် ဒီရာထူးကို လိုအပ်နေတာပါ။

အတွေးအမြင်

မင်း​အောင်လှိုင် သမ္မတရူးတာနဲ့ တစ်နိုင်ငံလုံးကိုဖျက်ဆီးပစ်ခဲ့တယ်ဆိုတာဒီ​​နေ့မှာ​တော့ စစ်တပ်ကို​ထောက်ခံသူ​တွေကိုပါ အမြင်ရှင်းစေခဲ့ပါပြီ။

အတွေးအမြင်

နိုင်ငံတော်ရဲ့အာဏာအမြင့်ဆုံး သမ္မတကို နေပြည်တော်က စစ်တပ်လွှတ်တော်က ယခုလေးတင် ရွေးချယ်လိုက်ပါတယ်။ဒါပေမယ့်ဘယ်ပြည်သူကမှ စိတ်မဝင်စားပါဘူး။ မလုပ်ရဲတာဘာမှမရှိဘူးဆိုပြီးတော့ အာဏာသိမ်းပြီး လူ​သောင်းချီသတ်ခဲ့တဲ့ ရာဇဝတ်ကောင်တစ်ကောင် သမ္မတဖြစ်လာတာက နိုင်ငံတောင်လာဘ်တိတ်တယ်လို့ ရန်ကုန်မြို့မှာ စက်သုံးဆီတန်းစီနေရတဲ့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်အုပ်စုရဲ့ အစီအစဥ်နဲ့ပဲ ထုတ်လွှင့်နေတဲ့ The Mask Singer ဆိုတဲ့ ရုပ်သံအစီအစဥ်တစ်ခုရှိပါတယ်။ ပြိုင်ပွဲဝင်တွေဟာ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားတဲ့ ထူးခြားဆန်းပြားတဲ့ မျက်နှာဖုံးနဲ့ ဝတ်စုံ (Masks) တွေကို ဝတ်ဆင်ထားရပါတယ်။ သူတို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မိသားစုဝင်တွေနဲ့ အနီးကပ်လူအနည်းငယ်ကလွဲရင် ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားရပါတယ်။