close
Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ဝက်လက်လူထုသပိတ်

ဧပြီ-၁၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင်တွေကို လှူဒါန်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၁) မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်တပ်ရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာလည်း စစ်ဘေးရှောင် တွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ သောက်ရေ သုံးရေရရှိဖို့ ရေတွင်းတူးဖော်ရန်အတွက် အလှူရှင်ကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သွားရောက် ကူညီလှူဒါန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ် ရှားကွဲကျေးရွာနဲ့ ငါးကြင်းအိုင် ကျေးရွာမှ ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရတာ အချိန်ကြာမြင့်လာတာကြောင့် ဝက်လက်လူထုသပိတ်ဦးဆောင်ကော်မတီက ဆန်တွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

ဝက်လက်ဒေသက စစ်ရှောင်ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရသော အချိန်ကြာမြင့်လာသောကြောင့် နေထိုင်စရာအခက်အခဲ၊ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝက်လက်လူထုသပိတ်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)က ၁၀၂၇စစ်ဆင်ရေးမှာ ဖမ်းဆီထိန်းသိမ်းခဲ့တဲ့ သုံ့ပန်းတွေထဲက သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၁၅၂ ဦးကိုထပ်မံလွှတ်ပေးလိုက်တယ်လို့ ‌ရခိုင်သတင်းမြစ်တွေကအတည်ပြုပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ဖက်ဆစ်တပ်ကိုဖြိုချ၊ လူ့ဘောင်အသစ်ကိုကြိုကြ" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီကနေ့ (မတ်လ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးကြုံနေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင် တပ်ရင်း(၁)က ထုတ်ပြန်ထားသလို ထားဝယ်ခရိုင် တပ်ရင်း(၂) ကလည်း စစ်ဘေးရှောင်ပြည်သူများသို့ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားပါတယ်။

Facebook