close
Connect with us

Hi, what are you looking for?

သတင်း

ကျိုင်းတုံမြို့မှာ လူသတ်ဓားပြတိုက်မှု တရားခံတွေ လွတ်မြောက်နေ

စစ်တပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့မှာလူသတ်ဓားပြတိုက်မှုဖြစ်ခဲ့ပြီးတရားခံတွေလွတ်မြောက်နေပါတယ်။

မတ်လ ၂၁ ရက်က ဓါးပြတိုက်ရင်းလူသတ်ခဲ့တဲ့ အရပ်ဝတ်နဲ့​သေနတ်သမား​တွေကား​ပေါ်ကဆင်းလာတာကို CCTV မှ​တွေ့ရစဥ်။ ဓါတ်ပုံ-CCTV Grab

မတ်-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်တပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့မှာလူသတ်ဓားပြတိုက်မှုဖြစ်ခဲ့ပြီးတရားခံတွေလွတ်မြောက်နေပါတယ်။

မတ်လ ၂၁ ရက် ညနေက ကျိုင်းတုံမြို့၊ ရပ်ကွက် (၄) နောင်ခမ်းမီးပွိုင့်အနီးမှာရှိတဲ့ နေအိမ်တစ်အိမ်ကို လူငါးဦးက ကားနဲ့လာပြီး ဓားပြတိုက်တာဖြစ်ပါတယ်။

“ သေနတ်မောင်းတင်ပြီးဝင်လာတာ။အိမ်ရှင်ကို ပစ်သတ်သွားတယ်။ ပြီးတော့ ‌ကားမောင်းပြေးတယ်။ လွယ်လွယ်လေးလုပ်သွားတာ” လို့မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျိုင်းတုံမြို့မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိပြီး စစ်ကောင်စီတပ်အဓိက အခြေစိုက်ထားပါတယ်။ ခရိုင်မြို့လည်းဖြစ်ပြီး စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားတာပါ။ အခု ဓားပြတိုက်သွားတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်နဲ့ ဆက်စပ်သူတွေပါဝင်ပတ်သက်လိမ့်မယ်လို့ မြို့ခံတချို့က သုံးသပ်ပါတယ်။

” ဒီလောက်တောင်ဖြစ်သွားတာကို ဒီနေ့အထိ တရားခံမမိဘူး။ မဖမ်းဘူး။စစ်တပ်အသိုင်းအဝိုင်းလည်း ပါးစပ်ပိတ်နေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာလည်း လူသတ်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး အချို့အမှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံ- တောင်သာလမ်းပိုင်း၊စစ်တပ်ထိန်းချုပ်ထားတဲ့နန်းမြင့်တောင်အနီးမှာ ဖြတ်သန်းသွားတဲ့ ခရီးသည်တင်ကားတွေ နဲ့ ကားတချို့ မကြာခဏ ဓားပြတိုက်ခံ နေရတာ​ကြောင့် စုံစမ်းနေတယ်လို့ မြင်းခြံမြို့နယ်ပကဖမှတာဝန်ရှိသူကပြောပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ပျူစောထီးတွေကြီးစိုးတဲ့မန္တလေးမြို့၊ပြည်ကြီး‌‌တံခွန်မြို့နယ်က ကမ္ဘောဇဘဏ် နေ့ခင်းကြောင် တောင်ဓားပြတိုက်ခံပြီး ကျပ်သိန်းနှစ်ထောင် ကျော်ပါသွားတယ်လို့မြို့ခံ တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဘုန်းကြီးကျောင်းအပါအဝင် တရက်တည်း ၂နေရာဓားပြတိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်မိုးတေရွာအုပ်စု ကွန်စံလိတ်ကျေးရွာက ဒေသခံပြည်သူရဲ့ နေအိမ် (၂)အိမ်ကို စစ်သား၂ဦးကအိမ်ရှင်ကို သေနတ်ထောက် ဓားပြတိုက်သွားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ပါတယ်။

Facebook