close
Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာကန်က နတ်ရုပ်တုတွေပျောက်ဆုံးပြီး တစ်လအကြာ တခြားနတ်နန်းရုပ်တုတွေပါ ဖျက်ဆီးခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ နတ်ရုပ်တုတွေပျောက်ပြီးတစ်လအကြာ နောက်ထပ် နတ်နန်းတစ်ခုက နတ်ရုပ်တုတွေပါ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖျက်ဆီးခံရသော နတ်ရုပ်တုများအား တွေ့ရစဥ် ဓါတ်ပုံ-Cj

​မတ်-၂၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ နတ်ရုပ်တုတွေပျောက်ပြီးတစ်လအကြာ နောက်ထပ် နတ်နန်းတစ်ခုက နတ်ရုပ်တုတွေပါ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီအတွင်းက မိတ္ထီလာကန်ဘောင်က နတ်ရုပ်တုတွေ ပျောက်ဆုံးပြီးနောက် တစ်လကျော်အကြာ မတ်လ ၂၁ ရက် ည ၁၂ နာရီခန့်က မိတ္ထီလာမြို့၊ မိတ္ထီလာ-မြင်းခြံသွား လမ်းမကြီးအနီးရှိ ဝန်ဇင်းရပ်ကွက်ထဲမှာရှိတဲ့ မထောင်းသာ-မလဲသာ” မောင်နှမနတ်နန်းအတွင်းမှ ရုပ်တုတွေ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

နတ်နန်းအတွင်းမှ အသံတွေကြားရလို့ အနီးနားက ဒေသခံတွေ နိုးလာပြီး လာရောက်ကြည့်ရှုခဲ့ရာမှာ အမျိုးသားတစ်ဦးဟာ နတ်ရုပ်ထုတွေကို ဖျက်ဆီးပြီးနောက် ထွက်ပြေးသွားတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ အသံတွေကြားလို့ အိပ်ရာကနေ ထကြည့်လိုက်တဲ့အချိန်မှာ လူတစ်ယောက် ကြာကန်ဘက်ကို ထွက်ပြေးသွားတာ တွေ့လိုက်တယ်ကြားတယ်။ နောက်ကနေ အမီလိုက်ပေမယ့်လည်း လွတ်သွားတယ်ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မိတ္ထီလာကန်ကူးတို့ တံတားပေါ်ရှိ မောင်နှမခုနစ်ဖော်နတ်နန်းက နတ်ရုပ်တု ၇ ရုပ်အနက် နတ်ရုပ်သုံးရုပ် ပျောက်ဆုံးခဲ့ရာ ယနေ့အထိ ပြန့လည်တွေ့ရှိခြင်းမရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook