close
Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီစျေးကြောင့် မုံရွာက ယာဥ်လိုင်းတွေ စျေးတက်

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေတွေကြောင့် မုံရွာမြို့အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာဉ်စီးခနှုန်းထားတွေ မြင့်တက်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့အခြေစိုက် ယာဉ်လိုင်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - မျက်မှောက်ခေတ်

မတ်-၂၂၊၂၀၂၆။ဇေအောင်/People’s Spring

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေတွေကြောင့် မုံရွာမြို့အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာဉ်စီးခနှုန်းထားတွေ မြင့်တက်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

​မုံရွာမြို့ကနေ ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင်အစရှိတဲ့ မြို့တွေကို ပြေးဆွဲနေတဲ့ ယာဉ်စီးခတွေကို မတ်လ ၂၃ ရက်ကစတင်ကာ စျေးနှုန်းတိုးမြှင့်သွားမှာဖြစ်ကြောင်း ယာဥ်လိုင်းအချို့က အသိပေးပါတယ်။

ကားအသေးနဲ့ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတစ်ခုက ယခင်က မုံရွာ-မန္တ​လေး ရှေ့ခန်း၂၅၀၀၀ ကျပ်ကနေ ၃၂၀၀၀ ကျပ်၊ နောက်ခန်း၂၃၀၀၀ ကျပ်ကနေ ၃၀၀၀၀ ကျပ်သို့လည်းကောင်း၊ မုံရွာ-ပြင်ဦးလွင်ကို ယခင် ရှေ့ခန်း ၄၀၀၀၀ ကျပ်ကနေ ၄၇၀၀၀ ကျပ်၊ ယခင် နောက်ခန်း ၃၈၀၀၀ ကျပ်ကနေ ၄၅၀၀၀ ကျပ်သို့လည်းကောင်း စျေးနှူန်းတိုးမြှင့်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်-မုံရွာကားတွေလည်း ယခင် ကျပ်သုံးသော​င်းဝန်းကျင်ကနေ ကျပ်ငါးသောင်းခန့်အထိ စျေးမြင့်တက်သွားကြောင်း မြို့ခံတွေက ပြောပါတယ်။ “ ဒါတောင် ထပ်တက်ဦးမှာပြောတယ်။ သင်္ကြန်အတွက် လက်မှတ်ကြိုသွားဝယ်တာကို မရောင်းပေးသေးဘူး။ ​ဆီစျေးကြောင့်မို့လို့တဲ့” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အလားတူ ရန်ကုန်-မန္တလေး အဝေးပြေးယာဥ်လိုင်းတွေလည်း ယခင် ရိုးရိုးကား ကျပ် နှစ်သောင်းခွဲဝန်းကျင်ကနေ ကျပ်လေးသောင်း၊ အထူးကား ကျပ် သုံးသောင်းခွဲဝန်းကျင်ကနေ ကျပ်ခြောက်သောင်းဝန်းကျင်အထိ စျေးနှုန်းများ မြင့်တက်လာကြောင်း ကားလက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။

ရန်ကုန်ကနေ အခြားမြို့‌တွေကိုပြေးဆွဲတဲ့ ခရီးစဉ်တွေလည်း ယာဉ်လိုင် နဲ့ ခရီးစဉ်အလိုက် ကျပ်ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ဈေးတက်သွားတယ်လို့ သိရပါတယ်။

စက်သုံးဆီစျေးကြောင့် ရန်ကုန်၊ မန္တလေးမြို့ရှိ အဝေးပြေးယာဥ်လိုင်းတွေလည်း စျေးနှုန်းများ မြင့်တက်လာပြီး ကြိုဝယ်ထားသူတွေကို လက်မှတ်စျေးနှုန်းတိုးတောင်းတာကြောင့် ခရီးသည်တွေနဲ့ ကတောက်ကဆတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။

စက်သုံးဆီစျေးဟာ ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာ ရန်ကုန် ပေါက်စျေး(တစ်လီတာ)အနေနဲ့အောက်တိန်း 92 ၃၆၁၀ကျပ်၊ အောက်တိန်း 95 ၃၈၅၀ ကျပ်၊ ပရီမီယမ်ဒီဇယ် ၄၈၂၀ ကျပ်၊ ရိုးရိုးဒီဇယ် ၄၃၉၀ ကျပ် ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စက်သုံးဆီခွဲတမ်းပုံစံသစ်ကို ဒီကနေ့(မတ်လ ၂၂ ရက်)မှာ ထပ်မံထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီအခက်အခဲနဲ့ နေ့စဥ်မောင်းနှင်ခွင့်ရမယ့် ကန့်သတ်ချက်တွေကြောင့် လျှပ်စစ်ကား (EV)စျေးကွက်ဟာ နှစ်ပတ်ကျော်အတွင်း ကျပ်သိန်းထောင်ကျော်အထိ စျေးတက်လာတယ်လို့ မော်တော်ယာဥ် အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ စက်သုံးဆီရဖို့ ပိုမိုခက်ခဲလာတယ်လို့ မော်တော်ယာဥ်ပိုင်ရှင်တွေက ပြောပါတယ်။

သတင်း

စက်သုံးဆီဈေးနှုန်းစံချိန်တင် မြင့်တတ်လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခတွေလည်း ဈေးတက်လာပါတယ်။

Facebook