ဖေဖော်ဝါရီ-၂၆၊ ၂၀၂၆။ People’s Spring
မတရားစစ်အာဏာသိမ်းယူခံထားရတဲ့ ၅ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းနိုင်ရေး မြန်မာ့အရေးကြားနာပွဲကိုဂျပန်လွှတ်တော်အမတ်များရုံးမှာ ပြုလုပ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
အဲဒီ မြန်မာ့အရေးကြားနာပွဲကို ၂၀၂၆ ခုနှစ်၊မတ်လ ၂ ရက်၊ (တနင်္လာနေ့) ညနေ ၄ နာရီကနေ ၆ နာရီခွဲအထိ ဂျပန်လွှတ်တော်အမတ်များရုံး Sangiin Giin Kaikan 1F (Kodoခန်းမ) မှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ကြားနာပွဲကို အမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနဲ့ ပါတီစုံပါဝင်တဲ့ မြန်မာ့ဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များသမဂ္ဂတို့မှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာသံတမန်များ၊ လွှတ်တော်အမတ်များ၊ တတ်သိပညာရှင်များ၊ သတင်းမီဒီယာများနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးသွားမယ်လို့လည်း အသိပေးပါတယ်။
ခန်းမနေရာအခက်အခဲနဲ့ လုံခြုံရေးအရဆောင်ရွက်ထားရှိမှုများအပေါ် ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ တက်ရောက်နားထောင်လိုသူများအနေဖြင့် https://forms.gle/rd6MRuWnLwwY8QcU7 မှတဆင့် စာရင်းပေးသွင်းကြဖို့ ဖော်ပြပါတယ်။

















































