close
Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် အာဟာရသုခဈေးမီးလောင်၊ ၁နာရီကျော်ကြာတဲ့အထိ မီးမငြိမ်းသေး

နေပြည်တော် ပျဉ်းမနားမြို့နယ်က အာဟာရသုခဈေးမှာ မီးလောင်မှုဖြစ်နေပြီး ၁နာရီကျော်ကြာတဲ့အထိမီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ-၂၅၊၂၀၂၆။နေ့သစ်/People’s Spring

နေပြည်တော် ပျဉ်းမနားမြို့နယ်က အာဟာရသုခဈေးမှာ မီးလောင်မှုဖြစ်နေပြီး ၁နာရီကျော်ကြာတဲ့အထိမီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်ည ၈နာရီခွဲကျော်မှာ မီးလောင်မှုစတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ၁၀နာရီခန့်အချိန်ထိ မီးငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ မီးမငြိမ်းသေးပါဘူး။ လောင်တာများတယ်။ အလယ်ကြောကုန်ပြီ” လို့ ‌ဒေသခံတစ်ဦးက ည ၉နာရီ ၄၀ မှာ လူထုနွေဦးရဲ့ မေးမြန်းမှုကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆန်ဆိုင်၊ ကုန်စုံဆိုင် ၊ အလှကုန်ဆိုင် ၊ ပဲကြော်ဆိုင် ၊အဝတ်အထည်ဆိုင်တွေ မီးလောင်သွားတယ်လို့ ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့ကတော့ ဒီမီးလောင်မှုကို Level 2 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်နေပြီး ည ၉နာရီခွဲမှာ မီးငြိမ်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

“မီးက ၈ နာရီခွဲကျော်ထဲက လောင်တာ တစ်နာရီလောက်ကြာတယ်။ မီးက တော်တော်များတယ်။ ပျဉ်းမနားဘူတာဘက်ကလူတွေတောင် မီးခိုးလုံးတွေကို မြင်ရတယ်။ စျေးရုံထဲ ဆိုင်ခန်းတွေက ကပ်နေတာဆိုတော့ အကုန်မီးကူးပြီး လောင်ကုန်တာပါ။ အလယ်တန်းဆိုင်ခန်းတစ်ခုက စလောင်တယ်လို့ သိရပါတယ်” လို့ ပျဉ်းမနားမြို့ခံတစ်ဦးက ပြောပါတယ်။

အာဟာရသုခဈေး မီးလောင်မှုမှာ လူထိခိုက်မှု မရှိသော်လည်း စျေးရုံအလယ်တန်း ဆိုင်ခန်းအများစု မီးလောင်ပြာကျခဲ့ပြီး ပစ္စည်းတွေပျက်ဆီးဆုံးရှုံးမှု များပြားနိုင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ပြည်သူတစ်ဦးက ပြောပါတယ်။

အာဟာရသုခဈေးဟာ ကင်မွန်းတန်းကျေးရွာမှာရှ်ိပြီး ပျဉ်းမနားမြို့နယ်ရဲ့ အဓိက ဈေးကြီးဖြစ်ပါတယ်။ ဂိုထောင်တွေအများဆုံးရှ်ိပြီး ဒီနေ့ည မီးလောင်မှုမှာ ဆုံးရှုံးပျက်စီးမှုအသေးစိတ်ကို မသိရသေးပါဘူး။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၄)ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန်အပိုင်း (၅)၊ ဗညားဒလလမ်းရှိ ဖွဲစက်ရုံ နဲ့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ- ကန်ဇွန်းမ လမ်းဘေး၊ ဖူးသိမ့်ဆီဆိုင်တို့မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ဆီ ဇာတ်ကဖို့သွားတဲ့ ဇော်လေးနိုင်ဇာတ်အဖွဲ့ကား တပ်ကုန်းမြို့နယ်ထဲက တောင်ညိုလမ်းပိုင်းမှာ မနေ့ (ဇန်နဝါရီလ ၂၈ ရက်) ညပိုင်း ၆ နာရီခန့်က ချောက်ထဲ ထိုးကျပြီး ဇာတ်အဖွဲ့ဝင်တွေထိခိုက်သေဆုံးကြတယ်လို့သိရပါတယ်။

သတင်း

နေပြည်တော် လယ်ဝေးမြို့နယ် အောင်ချမ်းသာကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်တိုက်ခဲ့တာ စစ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ ဝရဇိန်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟာမြန်မာနိုင်ငံကို သွားရောက်မယ်လို့ မလေးရှား အစိုးရကထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်လုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၆)ကို အာဏာသိမ်းစစ်တပ်က ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။