close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ စစ်တပ်ဂိတ်အနီး အမျိုးသမီးတစ်ဦးသေဆုံးနေ၊ တစ်ရက်ကြာမှ အလောင်းလာကောက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ဂိတ်အနီးမှာ မိန်းကလေးတစ်ဦး သေဆုံးနေပြီး တစ်ရက်ကြာမှ အလောင်းလာကောက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ဂိတ်အနီးမှာ မိန်းကလေးတစ်ဦး သေဆုံးနေပြီး တစ်ရက်ကြာမှ အလောင်းလာကောက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၀ရက် ညနေ ၆နာရီခန့်က မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်၊ စစ်တပ် တပ်စွဲရာ ကံသာဘုန်းကြီးကျောင်းနဲ့ အနီးမှာ အသက်(၂၀)ဝန်းကျင် မိန်းကလေးတစ်ဦး ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့တာဖြစ်ကြောင်း ဒေသခံတွေနဲ့ ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ပြည်သူတွေက စစ်သားတွေဆီ အကြောင်းကြားခဲ့ပေမဲ့ အလောင်းသယ်ဆောင်ပေးခြင်းမရှိဘဲ ဒီကနေ့ဖေဖော်ဝါရီ ၂၁ရက်မှသာ အလောင်းလာကောက်သွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ ဒီကနေ့ ညနေ ၃ နာရီလောက်က လာကောက်သွားပြီ ပြောတယ်” လို့ အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ လုံချည်ခရမ်းရောင်၊ ဆံပင်ကုတ်ဝဲနဲ့ဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးပါဘူး။

မုံရွာမြို့ပေါ်မှာ မကြာခဏ ဓါးပြတိုက် လုယက်မှုတွေအဖြစ်များနေပြီး စစ်ကောင်စီတပ်ကလည်း ဖမ်းဆီးအရေးယူခြင်း မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေ့ရောညပါ ပေါ်တာဆွဲဖမ်းဆီးမှုကြမ်းနေတဲ့ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်က ညစျေးဖွင့်ဖို့ စီစဥ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇေယျဝတီသကြားစက်အနီးရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး လက်နက်အချို့ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်နေ့မှာမုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းမုံရွာမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာ ကလေးငယ် တစ်ဦးသေဆုံးပြီး ကလေး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU က ဇန်နဝါရီ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။