close
Connect with us

Hi, what are you looking for?

သတင်း

နေ့ရောညပါ ပေါ်တာဆွဲနေတဲ့ မုံရွာမြို့မှာ စစ်တပ်က ညစျေးလုပ်ဖို့ပြင်နေ

နေ့ရောညပါ ပေါ်တာဆွဲဖမ်းဆီးမှုကြမ်းနေတဲ့ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်က ညစျေးဖွင့်ဖို့ စီစဥ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

(မုံရွာမြို့လယ်တနေရာကိုတွေရစဥ်။ ဓာတ်ပုံ-TTW)

ဖေဖော်ဝါရီ-၁၉၊၂၀၂၆။ဇေအောင်/People’s Spring

နေ့ရောညပါ ပေါ်တာဆွဲဖမ်းဆီးမှုကြမ်းနေတဲ့ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်က ညစျေးဖွင့်ဖို့ စီစဥ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ကန်သာယာမှာ အာဏာသိမ်းစစ်တပ်က ယခုဖေဖော်ဝါရီအတွင်း ညစျေးစတင်ဖွင့်လှစ်ဖို့ စီစဥ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။ စစ်တပ်ဟာ မုံရွာမြို့ပေါ်မှာ နေ့ခင်းမှာတောင် ပေါ်တာဆွဲနေတာဖြစ်ကြောင်း၊ ဒါ့အပြင် သီတင်းကျွတ်ကာလကနေ ပွဲလမ်းသဘင်တွေ တောက်လျှောက်လုပ်ပြီး ပွဲတော်ပြန်တွေကို ပေါ်တာဆွဲနေချိန် ညစျေးလုပ်ဖို့ စီစဥ်နေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

“ ဒီလိုလုပ်လိုက်ရုံနဲ့ မြို့ခံပြည်သူတွေပျော်ရွှင်မသွားပါဘူး။နေ့ခင်းတောင် ကျနော်တို့လို လူငယ်တွေမပြောနဲ့ လူလတ်ပိုင်း တွေတောင် အပြင်ရဲရဲတင်းတင်း ဝေးဝေးလံလံ မသွားရဲဘူးဖြစ်နေတယ်” လို့ မုံရွာမြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ညဈေးဖွင့်ခဲ့ရင်လည်း အနီးနားနေထိုင်သူ တွေပဲသွားကြမှာမို့ ‌ဆိုင်ရှင်တွေအ‌နေနဲ့ ရေရှည်ရပ်တည်ဖို့ ခက်ခဲမှာဖြစ်ကြောင်း မြို့ခံတွေက မှတ်ချက်ပြုပြောပါတယ်။

အဲဒီ ကန်သာယာညစျေးမှာ ဆိုင်ခန်းပေါင်းတစ်ရာကျော်ပါမယ်လို့ စစ်အုပ်စုက အသိပေးထားပါတယ်။

စစ်တပ်ရဲ့ပေါ်တာဆွဲမှုတွေကြောင့် အလုပ်သမားနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေ အလုပ်သွားဖို့ခက်ခဲနေပြီး စားဝတ်နေရေး ကျပ်တည်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်နေ့မှာမုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကိုင်းတိုင်းမုံရွာမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးဟာ အာဏာသိမ်းကာလမတိုင်မီတုန်းကတော့ နေ့ရောညပါ လူမပြတ်တဲ့ လမ်းမကြီးတစ်ခုပါ။ တရေးနိုးထသွားတောင် ဘေးအန္တရာယ်မရှိ သွားလမ်းကော လာလမ်းပါ ဖြောင့်ခဲ့တဲ့လမ်း။မန္တလေးနဲ့ မုံရွာ နှစ်မြို့တစ်မြို့ဖြစ်စေခဲ့တဲ့လမ်းမကြီးပါ။ အခုတော့ မုံရွာ-မန္တလေးလမ်းမကြီးဟာ အဲဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေခဲ့ပါပြီ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဥ်တွေ ဖြတ်သန်းလာပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်လုံခြုံရေးယူနေလို့ ခရီးသွားယာဥ်တွေ ပိတ်မိနေပါတယ်။

Facebook