close
Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက်က စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်က သိုက်တူကုန်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ-၂၀၊ ၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း၊သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်က သိုက်တူကုန်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က(ဖေဖော်ဝါရီ ၁၉ ရက်) မနက် ၆ နာရီကျော်အချိန်မှာ တပ်ရင်း၃၈၀၁ တပ်ခွဲ(၅)နဲ့ ၃၈၀၂ တပ်ခွဲ(၆)တို့က သိုက်တူကုန်း စစ်တပ်ဂိတ်စခန်းကို တိိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးကာ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ တပ်ရင်း ၃၈၀၁ တပ်ခွဲ(၅)ကြို့ပင်ကောက်Hero ပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲရေး တာဝန်ခံ ရဲဘော်ဆင်ရိုင်းက ပြောပါတယ်။

“ အဲ့စခန်းမှာ အင်အားကတော့ ၂၀ကျော်လောက်ရှိတယ်။ စစ်တပ်ဘက်က ၅ဦးသေဆုံးပြီး ဒဏ်ရာရတဲ့လူတွေလည်းရှိပါတယ်”လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။

အဲ့ဒီဂိတ်စခန်းဟာ လမ်းခရီးသွားလာတဲ့ ဒေသခံတွေကို စစ်ဆေးတာ၊ ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတဲ့ ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်း ကြို့ပင်ကောက်မြို့နယ်မှာ ရွေးကောက်ပွဲ ကို ဝန်ထမ်းတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံဝန်ထမ်းတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့ ပေါက်တောကျေးရွာက စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခဲ့မှုအတွင်း ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၇)တပ်ရင်း တပ်ခွဲ (၄)-Acid(စစ်ကြောင်း)က ဒီကနေ့ (ဇန်နဝါရီ၁၈ရက်) ထုတ်ပြန်ပါတယ်။

သတင်း

သာယာ၀တီခရိုင်မှာ ၅ရက်အတွင်း မြို့နယ်လေးခုက စစ်ကောင်စီတပ်တွေကို PDF တိုက်ခိုက်လို့ ၁၃ဦးသေ၊ လက်နက်အချို့ သိမ်းရ

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က စစ်တပ်ရဲ့အမှတ်(၂၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃)အနီးက ဂိတ်စခန်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ်စစ်ဒေသရုံးဦးဆောင်ကော်မတီ(YDF)နိုဝင်ဘာ ၁၇ရက် ထုတ်ပြန်ပါတယ်။

Facebook