close
Connect with us

Hi, what are you looking for?

သတင်း

BNRA တပ်ဖွဲ့ဝင်​တွေ PDF နဲ့ ပကဖ ထံဆက်တိုက်ပူး​ပေါင်း​နေ၊ ၂၀ ဦး​ကျော်စစ်တပ်ထပ်မံ​ခေါ်ထုတ်

ပုလဲမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ BNRA တပ်ဖွဲ့ဝင်တွေ PDD နဲ့ ပကဖထံ လက်နက်ချပူးပေါင်းတာ​တွေဆက်တိုက်ရှိသလို တပ်ဖွဲ့ဝင်၂၀ကျော်ကိုလည်း စစ်တပ်က ထပ်မံခေါ်ထုတ်သွားပါတယ်။

(နဂါးနဲ့ BNRA တပ်ဖွဲ့ဝင်အချို့(ပုံ​ဟောင်းဖြစ်ပါတယ်)။ ။ဓါတ်ပုံ-BNRA)

ဖေ​ဖော်ဝါရီ-၂၀၊၂၀၂၆။အိမ်သွင်/People’s Spring

ပုလဲမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ BNRA တပ်ဖွဲ့ဝင်တွေ PDD နဲ့ ပကဖထံ လက်နက်ချပူးပေါင်းတာ​တွေဆက်တိုက်ရှိသလို တပ်ဖွဲ့ဝင်၂၀ကျော်ကိုလည်း စစ်တပ်က ထပ်မံခေါ်ထုတ်သွားပါတယ်။

ထွက်ပြေးနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေထဲက ၁၅ဦးတစ်သုတ်၊ ၅ဦး တစ်သုတ်ကို မင်းတိုင်ပင်ရွာနဲ့ ပုလဲဘောလုံးကွင်းကနေ စစ်ကောင်စီက ခေါ်ထုတ်သွားတာလို့ ​တော်လှန်​ရေးရဲ​ဘော်​တွေက​ပြောပါတယ်။

“ မင်းတိုင်ပင်ကို ဝင်သွားတဲ့ ခန့်မှန်း ၁၅ယောက်နဲ့ စစ်ကောင်စီစစ်ကြောင်း ပေါင်းမိသွားတယ်။ ခေါ်သွားတယ်။မင်းတိုင်ပင်ကို ၁၅ဦး၊ ပုလဲကို ၅ဦးပေါင်းသွားတယ်” လို့ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာနန်းဝင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းတွေကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ၁၈ရက်နေ့မှာ ဗိုလ်နဂါးက စစ်တပ်နဲ့ ပူးပေါင်းသွားပြီးစစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပါတယ်။

BNRA တပ်ဖွဲ့ဝင်အချို့ဟာ ​ဖေ​ဖော်ဝါရီ ၁၈ ရက်ကစပြီး လက်နက်​တွေယူလာကာ PDFတပ်ရင်း​တွေထံ လာ​​ရောက်ပူး​ပေါင်းကြပါတယ်။​ဖေ​ဖော်ဝါရီ ၁၈ ရက်အထိ တပ်ဖွဲ့ဝင်အင်အား၁၅၀ခန့် လက်

နက်ချတာ၊ အလင်းဝင်တာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။BNRA တပ်ဖွဲ့မှာ အင်အား ခန့်မှန်း ၃၀၀ ၊ ၄၀၀ ထက်မပိုနိုင်ဘူးလို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီးဦး​ကျော်နီက​ပြောပါတယ်။BNRA တပ်ဖွဲ့ဝင်​​တွေဟာ PDF ​တွေထံ ဆက်တိုက်အလင်းဝင်ပူး​ပေါင်းလာ​နေတယ်လို့ သူက ​ဖေ​ဖော်ဝါရီ ၁၉ ရက်မှာ​ပြောပါတယ်။

ယင်းမာပင်ခရိုင်အတွင်း BNRAကထုတ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော် တွေအနေနဲ့ ခရိုင်/မြို့နယ် ပကဖ အဖွဲ့တွေကို ချိတ်

ဆက်ပြီး လက်နက်တွေနဲ့ဆက်စပ်ပစ္စည်းတွေအပ်နှံကြဖို့ ယင်းမာပင်ခရိုင်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က​ဖေ​ဖော်ဝါရီ ၁၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများမပြုလုပ်ဖို့နဲ့ စစ်ဆေးပေါ်ပေါက်ရင် ပြင်းထန်စွာအရေးယူမယ်လို့လည်း ​ကြေညာထားပါတယ်။

BNRA အဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့ကျူးလွန်ခဲ့တဲ့ လူသတ်မှု၊ အဓမ္မပြုကျင့်မှုတွေကို အရေးယူဖို့ သာမန် တရားဥပဒေစိုးမိုးရေးယန္တရား သက်သက်နဲ့ မဖြစ်နိုင်တော့တဲ့အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ထိရောက်စွာဆောင်ရွက် နိုင်ဖို့နဲ့ တော်လှန်ရေးရဲ့ ဆူး‌ညှောင့်တခုကို ဖယ်ရှား ရှင်းလင်းဖို့ စစ်အင်အား အသုံးပြုခြင်းကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရတာလို့ NUGအစိုးရက ထုတ်ပြန်ထားပါတယ်။လုပ်ငန်းစဉ်ဆောင်ရွက်စဉ် ပြည်သူလူထုကို ထိတ်လန့်စိုးရိမ်မှု ဖြစ်ပေါ်စေခဲ့တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း ရှင်းလင်းထားပါတယ်။

လက်ရှိမှာ ပုလဲမြို့ထဲကို စစ်တပ်ကရဟတ်ယာဉ်တွေဆင်းသက်ပြီး လက်နက်ခဲယမ်းတွေနဲ့လူအင်အားတွေ ဆက်တိုက်ပို့နေပါတယ်။စစ်တပ်ကအင်အားစုဖွဲ့ပြီး စစ်​ကြောင်းထိုးနိုင်တယ်လို့​ဒေသခံ​တွေ ခန့်မှန်း​နေကြပါတယ်။

စစ်ရေးအခြေအနေနဲ့ လေကြောင်းအန္တရာယ် သတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

BNRAအဖွဲ့ရဲ့ထိပ်‌ပိုင်းခေါင်း‌ဆောင်တွေဖြစ်တဲ့ သုဘရာဇာနဲ့ ဒေါင်းညို တို့ကို PDF တွေက ထိန်းသိမ်းထားပြီးအသက်ရှင်လျက်ရှိကြောင်း ရုပ်သံမှတ်တမ်းကို ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) တပ်ရင်းမှူး ဗိုလ်စွမ်းက ဒီက​နေ့​ဖော်ပြလိုက်ပါတယ် ။

သတင်း

ဗိုလ်နဂါးကစစ်တပ်နဲ့ ပူး​ပေါင်းပြီး နာရီပိုင်းအကြာမှာ PDF ထံလက်နက်ချခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်တွေရှိ‌တဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် BNRA တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့တယ်လို့ ​ဒေသခံ နဲ့​တော်လှန်​​ရေးရဲ​ဘော်အချို့က​ပြောပါတယ်။

သတင်း

BNRAအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီနဲ့ပူးပေါင်းသွားပေမယ့်BNRAအဖွဲ့ရဲ့ထိပ်ပိုင်းတာဝန်ယူထားသူအချို့ နဲ့တပ်ဖွဲ့ဝင်အချို့သတင်းအစအနပျောက်နေသလိုလက်နက်တွေနဲ့ ထွက်ပြေးနေသူတွေလည်းရှိလို့ အဆက်အသွယ်ရှိဖူးသူ​တွေလုံခြုံ​ရေးသတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် ရဲဘော် ၁၁ဦး ကျဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

Facebook