close
Connect with us

Hi, what are you looking for?

သတင်း

CDF ဟားခါးတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ အပါအဝင် ၃ဦးသေ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖေဖော်ဝါရီ ၁၂ရက်က တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးထိခိုက်ရှိခဲ့တယ်လို့ CDF-Hakha Support Team of Nort America က ထုတ်ပြန်ထားပါတယ်။

CDF ဟားခါးက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CDFဟားခါး

ဖေဖော်ဝါရီ-၁၃၊၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖေဖော်ဝါရီ ၁၂ရက်က တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးထိခိုက်ရှိခဲ့တယ်လို့ CDF-Hakha Support Team of Nort America က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၂ရက် ညနေပိုင်းမှာ ပြုလုပ်တဲ့ CDF ဟားခါးရဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီအရာရှိအပါအဝင် ၃ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

” ချင်းပြည်နယ်၏ မြို့တော်ဟားခါးတွင်တာဝန် ကျသူ ရဲမင်းကြီး သည် လူမဆန် အင်မတန် ကြမ်းကြုတ် ရိုင်းစိုင်းနေပါသည်။ သူ့လက်အောက် ရဲဘော်တွေကို တနေ့ သိန်း၃၀ ထက်မနည်း ပြည်သူတွေဆီမှ မတရားလုယူခိုင်းပြီး တပ်ကုန်းနေ ဗျုဟာမှူးထံ ကန်တေ့ာလေ့ရှိကြောင်းသိရှိရပါသဖြင့် ပြည်ထောင်စုနေ့ညနေ ခင်းတွင် CDF Hakha မှ operation လုပ်ရခြင်း ဖြစ် ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဟားခါးမြို့မှာ ပြည်သူတွေဆီကို ငွေကောက်ခံမှုတွေ ထပ်မံလုပ်ရင် ပိုပြင်းထန်တဲ့ပစ်ခတ်မှု ဖောက်ခွဲမှုတွေ ထပ်မံပြုလုပ်သွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။

CDF ဟားခါးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လေးရက် လောက်က ကြေညာချက် တရပ်ထုတ်ပြန်ပြီး ဟားခါးမြို့အနီး တောတောင်တွေမှာ ပြည်သူတွေအနေနဲ့ ညဘက်သွားလာခြင်းမပြုဖို့ ထုတ်ပြန်ထားပါတယ်။ လုံခြုံရေးနဲ့ ဆိုင်တဲ့ အခြေအတွေကြောင့် ထုတ်ပြန်တာဖြစ်ပြီး ပြည်သူတွေ လေးနက်စွာလိုက်နာပူးပေါင်းကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

CDFဟားခါးဟာ အရင်ကလည်း သတိပေးချက် တွေ ထုတ်ပြန်ပြီးတိုင်း စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်လေ့ရှိပါတယ်။

ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းဌာနချုပ်ကို တိုက်ခိုက်တာ၊ ရဲစခန်းကို ဝင်စီးပြီး အကျဉ်းသားတွေ ကယ်ထုတ်တာ စတဲ့ စစ်ဆင်ရေးတွေအပါအဝင် စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေရာချီပြီး CDF ဟားခါးက ဖော်ဆောင်ထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်သားတွေအလင်းဝင်ဖို့ လမ်းဖွင့်ထားပြီး CDFဟားခါးဆီကို လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲများစွာလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ဟားခါးမြို့အနီးတောတောင်ဒေသတွေကိုဒီက​နေ့ကစပြီး သွားလာလှုပ်ရှားခြင်းမပြုလုပ်ဖို့ အများပြည်သူကို အသိပေးကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

မင်းတပ်လို့ ဆိုလိုက်တာနဲ့အာဏာသိမ်းစစ်တပ်ကို ဒေသခံတွေကရိုးရာတူမီးသေနတ်တွေနဲ့ ပထမဆုံးတော်လှန်ခဲ့သလို ၊တူမီးသေနတ်တွေနဲ့ စစ်တပ်ယာဥ်တန်း​တွေပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ချင်းဖိုက်တာ​တွေကို မျက်လုံးထဲပြန်မြင်လာကြမယ်ထင်ပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့နယ် တိုက်ပွဲအတွင်း ချင်းပြည်ကောင်စီ(CC) ကာကွယ်ရေးတပ်ဖွဲ့ ဝင်အချို့ ကျဆုံးခဲ့ကြောင်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက အတည်ပြုပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်၀မြို့နယ်တွေက ချင်းဒေသကာကွယ်ရေးတပ်(CDF) လေးဖွဲ့ကို Chin People’s Union/Chin People Army(CPU/CPA) အဖြစ် ပေါင်းစည်းလိုက်ကြောင်း CPU ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက အတည်ပြုပြီး ချင်းညီနောင် သဘာပတိ ဆလိုင်းပီတာထန်းက ပြောပါတယ်။

Facebook