close
Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်း ဘုတ္တန်းရွာလေကြောင်းတိုက်ခိုက်မှု ပြည်သူတစ်ဦးသေဆုံး၊ နေအိမ် ၃၀ နီးပါးပျက်စီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဘုတ္တန်းကျေးရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ် ၃၀ နီးပါးပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းပအဖ

ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဘုတ္တန်းကျေးရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ် ၃၀ နီးပါးပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ည ၉ နာရီမိနစ် ၂၀ခန့်က အာဏာသိမ်းစစ်တပ်ဟာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဒီပဲယင်းမြို့နယ်၊ ဘုတ္ထန်းကျေးရွာကို အကြောင်းမဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်လို့ အသက်(၃၇)နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးကာ နေအိမ် ၃ဝနီးပါး ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းပအဖအဖွဲ့က အသိပေးပါတယ်။

နေအိမ် ၃လုံးဟာ မီးလောင်ပျက်စီးခဲ့တာဖြစ်ပြီး ၁၀လုံးကတော့ ဗုံးဒဏ်ကြောင့် လုံးဝပျောက်ကွယ်ပျက်စီးသွားခဲ့ကြောင်း၊ ၁၆ လုံးကတော့ ဗုံးစတွေထိမှန်ကာ ပျက်စီးခဲ့တာဖြစ်တယ်လို့ ဒီပဲယင်းပအဖအဖွဲ့က ရှင်းလင်းပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒီပဲယင်းပအဖအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကောင်စီဟာ လေကြောင်းကနေ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေ၊ လူစုလူဝေးတွေ၊ စစ်ရှောင်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေလို့ ပြည်သူတွေ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်သတိပြုကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ဒီပဲယင်းမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ရင်ဆိုင်နေရတဲ့ဒေသဖြစ်ပြီး ဒီနှစ် နှစ်ဆန်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်ပြိုရွာမှာ ဒီကနေ့မနက်ပိုင်းက ကလေးငယ်လေးတွေ ဆော့ကစားနေကြတယ်။ သိပ်မကြာပါဘူးအုန်းခနဲ အသံကျယ်ကြီးထွက်ပေါ်လာပြီး ကလေးတွေ မြေပေါ်ပစ်လဲကျသွားခဲ့တယ်။

ဆောင်းပါး

အာဏာလု​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုနေ့ ခေါင်းစဉ်နဲ့ နေပြည်တော်မှာ စစ်အုပ်စုရဲ့ ဂုဏ်ပြုခံရင်းကနေ ၆၄ ရက်သား ကလေးငယ် ဂျက်‌ချေကို ဆေးရုံထဲအထိ လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖေဖော်ဝါ ရီ လ ၁၀ ရက်တစ်ရက်တည်းမှာတင်မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား တစ်ဒါဇင်ခန့် သေဆုံးခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာမတွေနဲ့ ကလေးငယ်တွေအပါအဝင် ငါးဦးထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook