close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဇာတ်ပွဲကြည့်ပြီးပြန်လာသူကို ပေါ်တာဆွဲ

အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။

စစ်မှုထမ်းဉပဒေသုံးပြီး စုဆောင်းခံရသူတွေကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ -စစ်ကောင်စီ

ဖေဖော်ဝါရီ – ၁၀ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မနက်အစောပိုင်း ၃ နာရီခန့်မှာ မန္တလေး ဘုရားကြီး ဇာတ်ပွဲကနေအပြန် အသက် ၂၅ နှစ်အရွယ်အမျိုးသား ပေါ်တာဆွဲခံရတာဖြစ်ပြီး မန္တလေးနန်းတွင်းအခြေစိုက် တပ်ထဲကို ပို့ခံလိုက်ရတယ်လို့သိရပါတယ်။

“စမ်းရေမိုးဇာတ် ပထမနေ့က တူလေးပါသွားတာ ၊မိုးမလင်းသေးဘူး ပြန်လာတာ၊ လမ်းမှာတင်ဆွဲသွားတာ”လို့ မြောက်ပြင်ရပ်မှာနေထိုင်တဲ့မြို့ခံ အမျိုးသမီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ မဟာမုနိဘုရားကြီးပွဲနဲ့ ကုသိုလ်တော်ဘုရား ရန်ပုံငွေပွဲတွေကို လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ ဇာတ်အဖွဲ့တွေကိုခေါ်ယူပြီး ဖေဖော် ဝါရီလ ၆ ရက်ကနေ ဖေဖော်ဝါရီလ ၉ ရက်အထိကျင်းပခဲ့တာပါ။

အဲဒီဇာတ်ပွဲတွေအပြန်မှာလူငယ်အမျိုးသားအချို့ ပေါ်တာဆွဲခံရတာရှိပြီး People’s Spring က ကနဦး စုံစမ်းမေးမြန်းမှုအရတော့ ငါးဦး ခန့်ရှိနေပါတယ်။

ပေါ်တာဆွဲခံရသူ အချို့ကို သက်ဆိုင်ရာမိသားစုဝင်တွေက လက်လှမ်းမီသလောက်ငွေကြေးပေးပြီး ပြန်ထုတ်ဖို့ ကြိုးစားနေပေမယ့် ပြန်လည်လွတ် မြောက်လာတာမရှိသေးပါဘူး။

စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေဟာ ရန်ကုန်မြို့မှာလည်း လူငယ်လူရွယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့အတင်းအကျပ် ဖိအားပေးတာတွေရှိနေပါတယ်။

ဒီနေ့ (ဖေဖော်ဝါရီလ ၁၀ရက် ) ဆိုရင် လူငယ်လူရွယ်တွေကို အဓမ္မနည်းသုံးပြီး စစ်ထဲထည့်တဲ့ စစ်မှုထမ်း ဉပဒေကို ပြဌာန်းတာ နှစ်နှစ်ပြည့်မြောက်ပါပြီ။

နှစ်နှစ်တာကာလအတွင်းမှာ အပတ်စဉ် ၂၀ ထိ သင်တန်းပေးထားပြီးပြီ ဖြစ်တာကြောင့်တပ်သားသစ်အင်အား တစ်သိန်းဝန်းကျင်ကို စစ်ကောင်စီတပ်က ရရှိထားပါတယ်။

တဖက်မှာလည်း စစ်မှုထမ်းဉပဒေကြောင့် မြန်မာလူငယ်လူရွယ်အများအပြားတိုင်းပြည်ပြင်ပကိုအလုံးအရင်းနဲ့ထွက်ခွာခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်ရဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးဟာ အဲဒီရ​ပ်ကွက်ထဲက မီနီကွန်ဒိုတစ်ခုရဲ့ လေးလွှာမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းရဲ့အောက်မှာ လူနာတင်ကားသံတွေ ဆူညံသွားခဲ့တယ်။ တိုက်ပေါ်ကနေ လူငယ်နှစ်ယောက်ခုန်ချတာတဲ့။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က ဇန်နဝါရီလအတွင်း အလုပ်သွားအလုပ်ပြန်တွေနဲ့ ခရီးသွားလူငယ် ၆၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အမှတ်(၈)လေ့ကျင့်ရေးတပ်ကို ချက်ချင်း ပို့ဆောင်တယ်လို့ အဖမ်းခံရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးဟာ အာဏာသိမ်းကာလမတိုင်မီတုန်းကတော့ နေ့ရောညပါ လူမပြတ်တဲ့ လမ်းမကြီးတစ်ခုပါ။ တရေးနိုးထသွားတောင် ဘေးအန္တရာယ်မရှိ သွားလမ်းကော လာလမ်းပါ ဖြောင့်ခဲ့တဲ့လမ်း။မန္တလေးနဲ့ မုံရွာ နှစ်မြို့တစ်မြို့ဖြစ်စေခဲ့တဲ့လမ်းမကြီးပါ။ အခုတော့ မုံရွာ-မန္တလေးလမ်းမကြီးဟာ အဲဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေခဲ့ပါပြီ။