close
Connect with us

Hi, what are you looking for?

သတင်း

NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကြီး ငါးဖွဲ့တွေ့ဆုံပြီး စစ်ရေးဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကြီး လေးဖွဲ့ တွေ့ဆုံပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအောင်မြင် နိုင်ဖို့ ဆွေးနွေးထားကြတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ပိုင်းတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ – ၁၀ ၊၂၀၂၆ /People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကြီး လေးဖွဲ့ တွေ့ဆုံပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအောင်မြင် နိုင်ဖို့ ဆွေးနွေးထားကြတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ပိုင်းတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဖေဖော်ဝါရီ ၅ ရက်က ကချင်တော် လှန်ရေးနေ့ အခမ်းအနားကိုအမေရိကန်ပြည်ထောင်စု ၊ တက္ကဆက်ပြည်နယ်မှာကျင်းပခဲ့ရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အွန်လိုင်းက တက်ရောက်ပြီး အမှာစကားပြောကြားရာ ထည့်သွင်းအသိပေးပြောခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုး (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ငါးဖွဲ့တို့ ပြီးခဲ့တဲ့ရက်ပိုင်းကတွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“လက်ရှိတော်လှန်ရေးကိုအောင်မြင်အောင်ကျနော်တို့ဘယ်လိုဆင်နွှဲမလဲဆိုတဲ့ဟာကျနော်တို့ ဦးစားပေးပြီးဆွေးနွေးနေတာဖြစ်ပါတယ်”လို့ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ပါဝင်တဲ့အဖွဲ့တွေ ဘက်ကတော့ သီးခြား ထုတ်ပြန်လာတာမျိုးမတွေ့ရပါဘူး။

NUG ကတော့ တော်လှန်ရေးအတွက် ပိုမိုအားကောင်းတဲ့ဦးဆောင်မှုပေးနိုင်မယ့်စုဖွဲ့မှု ဖြစ်ပေါ်လာဖိ့အတွက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က တော်လှန်ရေးအင်အားစုတွေဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ အခိုင်အမာ ရပ်တည်ဖို့လိုအပ်ပြီး စုစည်းညီညွတ်မှုရှိရမှာဖြစ်သလို အပြန်အလှန် လေးစားအသိအမှတ်ပြုရမှာလို့လည်း ဆိုပါတယ်။

စုစည်းမှုအနေနဲ့ဆိုရင်တော့ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဗန်းမော်တိုက်ပွဲမှာဆိုရင် KIA နဲ့အတူ လူမျိုးပေါင်းစုံပါဝင်တိုက်ခိုက်ပေးနေတာလို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကအသိပေးပါတယ်။

ဗန်းမော်တိုက်ပွဲဟာတစ်နှစ်ကျော်ကြာမြင့်လာပြီးဖြစ်သလို အရင်းအနှီးကြီးပြီး ခက်ခဲမယ်ဆိုတာသိပေမယ့် နိုင်ငံရေးသိက္ခာ တိုက်ပွဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၆ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အချိုးအကွေ့ကာလတစ်ရပ်ဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ် ထပ်လောင်းအတည်ပြုတာကနေကျော်လွန်ကာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှု (၅)နှစ်တာအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုက အရှိန်လျော့မသွားဘဲ ပိုလို့တောင် စနစ်တကျ ရှိလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ပြီး နိုင်ငံတကာ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သွေးနဲ့မျက်ရည်တွေရဲ့ တန်ဖိုးကို အလေးထားပေးဖို့တောင်းဆိုခဲ့ပါတယ်။

သတင်း

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။