close
Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲဖြစ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ပေါက် ပကဖ

ဖေဖော်ဝါရီ-၁၀၊၂၀၂၆။ မိုမို/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အခု ဖေဖော်ဝါရီ ၄ရက်က ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေကနေ အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို သီးချောက်ကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)က လက်နက်ကြီးတွေအပါအဝင် လေကြောင်း တိုက်ခိုက်မှုတွေပါရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက သီးချောက် ကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေကို ပြန်ဝင်သွားပြီး အဲဒီစစ်ကြောင်းထဲက အင်အား ၁၇၀ ဝန်းကျင်က ဖေဖော်ဝါရီ ၆ရက် နေ့လယ်မှာ ကပစ(၂၄)ကို သွားမယ့် လမ်းကြောင်းပေါ်က ဆင်ဇာနဲ့ ပေါက်ချောင်းအောက်စုကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဥ် ၂ခုမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ၂၀ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် စစ်တပ်သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုမရသေးပါဘူး။

“ ပျူစောထီးရွာတွေအနီးကို နယ်မြေရှင်းတဲ့သဘောပါ။အဲဒီထဲမှာ ပင်တောင်ပျူရွာကို လက်လွှတ်မခံနိုင်လို့ အသည်အသန်ကာကွယ်ပေးနေတာ” လို့ ပေါက်မြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

ပင်တောင်ကျေးရွာအနီးမှာ စစ်တပ်ရဲ့ အမာခံ နယ်မြေဖြစ်တဲ့ ဝန်ခြုံး၊သစ်ချိုကုန်းနဲ့ သီးချောက် ကျေးရွာ တွေရှိတယ်လို့လည်း သူက အသိပေးပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းက ပေါက်မြို့အတွင်းကို ရောက်ရှိသွားပြီး အဲဒီကနေတဆင့် ကပစ(၂၄)အတွင်းဝင်ရောက်သွားတယ်လို့ သိရပါတယ်။

“ တပ်မ ၉၉ တပ်ရင်းတွေ အများစုပါတယ်။ကပစ ထဲကို ရောက်တာရော တောင်ပိုင်းပျူရွာတွေမှာလည်း ကျန်နေခဲ့သေးတယ်” လို့ ပေါက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းကြောင့် ပေါက်နယ်တောင် ဘက်ခြမ်း ကျေးရွာတွေက ဒေသခံ ၅၀၀၀ ဝန်းကျင်က စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေသေးတယ်လို့လည်း မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက အကူအညီတောင်းခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်မှာစစ်တပ်က ဒီက​နေ့မနက်မှာလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-)က စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာနဲ့ပါ ပစ်ခတ်နေလို့ ကျေးရွာ ၆ရွာက ဒေသခံပြည်သူ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၃ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံပြည်သူတွေရဲ့ ဆန်အိတ်ပေါင်း ၄၀၀ ကျော်နဲ့ ပဲအိတ်တွေ လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။