close
Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်မှာ စစ်တပ်တိုက်ခိုက်မှု ပြည်သူ ၂ဦးသေဆုံး၊ လသားအရွယ်အပါအဝင် ၇ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)၊ ဆောထိ (ရွှေကျင်)နဲ့ ကျောက်ကြီး(လယ်ဒို)မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ဖေဖော်ဝါရီ ၁၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ညောင်လေးပင်ခရိုင် မုန်း(မူး)၊ ဆောထိ (ရွှေကျင်)နဲ့ ကျောက်ကြီး(လယ်ဒို)မြို့နယ်တွေမှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ဖေဖော်ဝါရီ-၁၀၊၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)၊ ဆောထိ (ရွှေကျင်)နဲ့ ကျောက်ကြီး(လယ်ဒို)မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ဖေဖော်ဝါရီ ၁၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၃ရက်ကနေ ၈ရက်အတွင်း ညောင်လေးပင်ခရိုင်မှာ စစ်တပ်က ပြည်သူတွေကိုပစ်မှတ်ထားပြီး ဒရုန်း၊ ဂျိုင်ရိုကော်ပတာ၊ လေယာဉ်တို့နဲ့ တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့စစ်တပ်ထောင်ထားတဲ့မိုင်းကြောင့်ထိခိုက်မှု ရှိတဲ့ အခြေအနေကို အသိပေးခဲ့တာပါ။

ဖေဖော်ဝါရီ ၃ရက်က မုန်းမြို့နယ် သစ်ဖြူဆိပ်ရွာကို စစ်ကောင်စီရဲ့ ခမရ(၃၀၇)က ဒရုန်းနဲ့ ဗုံးကြဲလို့ အသက် ၄၈ နှစ်အရွယ် အမျိုးသား ၁ဦးသေဆုံးကာ လသား ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ရက်မှာလည်း ကွီးဒိုခေါ်ဒေသနေ ပြည်သူ ၁ဦး စစ်တပ်ထောင်တဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ ခင်ကြီးကျေးရွာအတွင်းသို့ ခမရ (၄၃၉)တပ်ရင်းက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ပြည်သူ လူထုပိုင် နေအိမ် (၂) လုံးထိမှန်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၇ရက်မှာလည်း စစ်ကောင်စီက ဆောထိမြို့နယ် ပျဉ်ရေရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ရာ လူငယ် ၁ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ပါတယ်။ အဲဒီနေ့မှာပဲ စစ်ကောင်စီက ကျောက်ကြီးမြို့နယ် အင်းပုရစ်ရွာကို ဗုံးကြဲခဲ့ရာ ပြည်သူနေအိမ်ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၈ရက်မှာလည်း ဇရပ်ခင်ကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံး (၃)လုံးကြဲချ တိုက်ခိုက်ခဲ့လို့ ပြည်သူပိုင်နေအိမ် ၁လုံးနဲ့ ဓမ္မာရုံ ၁ရုံ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။

စစ်ကောင်စီဟာ KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေဆက်တိုက်ပြုလုပ်နေလို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်၊ ကချင်၊ကရင်နီ၊ချင်းတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တို့ တွေ့ဆုံပြီး တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရေးကိစ္စ​တွေကို ဆွေးနွေးခဲ့ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တောအူး (တောင်ငူ)ခရိုင် ဒေါ်ဖခို(သံတောင်)မြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်စစ်ဗျူဟာထဲကနေ ဖောက်ထွက်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၅) ပူးပေါင်းတပ်တို့အကြားအခုရက် ပိုင်းအတွင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ဆီကို စစ်ကောင်စီတပ်သား တစ်ဦးလက်နက်နဲ့အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။