close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်က ဘုန်းကြီးကျောင်း စစ်တပ် ဗုံးကြဲလို့ သံဃာတစ်ပါး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ဟိန္ဒားရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ တစ်ပါး ထိခိုက်ခဲ့ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဗုံးကြဲမှုကြောင့် ဟိန္ဒားရွာဘုန်းကြီးကျောင်း ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU-MTD

ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ဟိန္ဒားရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ တစ်ပါး ထိခိုက်ခဲ့ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ ကစယ်ဒိုမြို့နယ်မှာရှိတဲ့ ဟိန္ဒားရွာထဲကို စစ်ကောင်စီက ဖေဖော်ဝါရီ ၄ရက် မနက်မှာတိုက်လေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံး ၂လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

အဲဒီလိုတိုက်ခိုက်လို့ သံဃာ တစ်ပါးထိခိုက်ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ဇန်နဝါရီ ၂၆ရက်ကလည်း ကစယ်ဒိုမြို့နယ် ဖောင်းတောအရှေ့ဘက်ကမ်း ဘောလုံးကွင်းအနီးကို လေကြောင်းဗုံးကြဲခဲ့လို့ နေအိမ်အချို့ ပျက်စီးမှုရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေက ပြည်သူတွေကို အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

KNU မြိတ်ထားဝယ်ခရိုင်အပါအဝင် ကျန်ခရိုင် တပ်မဟာနယ်မြေအသီးသီးမှာလည်း စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေလို့ အရပ်သား ပြည်သူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ စစ်ကောင်စီလက်နက်ခဲယမ်းတွေ သိုလှောင်ထားတဲ့ အဆောက်အအုံကို PDF ပူး‌ပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ဆွန်းတလာရွာနဲ့ ခွန်းလီကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီက မနေ့နဲ့ ဒီကနေ့ (ဇန်နဝါရီ ၂၉ရက်)မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက ဆေးရုံ ၂ခုကို စစ်ကောင်စီက ဇန်နဝါရီ ၂၅ရက် ည ၇နာရီခန့်နဲ့ ဒီနေ့(ဇန်နဝါရီ ၂၆ရက်) မနက်အစောပိုင်း နံနက် ၁နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။