close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်၊ကရင်၊တနင်္သာရီ နဲ့ စစ်ကိုင်းမှာစစ်တပ်ရွေး

ရန်ကုန်၊ ကရင်၊ တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့ (ဒီဇင်ဘာ ၂၆)မှာ ပြုလုပ်ခဲ့ပါတယ်။

ကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်

ဒီဇင်ဘာ-၂၆၊၂၀၂၅။သုည/People’s Spring

ရန်ကုန်၊ ကရင်၊ တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကိုဒီကနေ့ (ဒီဇင်ဘာ ၂၆)မှာ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့လယ်ဒဂုံမြို့နယ်မှာရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က “ NO VOTE” စာတန်းကိုင်ဆောင်ကာအတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်လွတ်မြောက်နယ်မြေတနေရာမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ တပ်မဟာ(၄)နယ်မြေက ကရင်လူငယ်တွေ စုပေါင်းပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တနင်္သါရီတိုင်း မြိတ် – ထားဝယ်ခရိုင်မှာလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး မြိတ် – ထားဝယ်ခရိုင်၊ KNU တပ်မဟာ (၄) ၊ ကစယ်ဒိုမြို့နယ်အတွင်းကဘကရင်လူငယ်တွေ အပါအဝင် ဒေသခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာလည်း တော်လှန်ပြည်သူတွေက စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း လက်ဗွေနှိပ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပြည်သူ့သဘောထား အစစ်အမှန်တွေဖြစ်ကြောင်း သိသာမြင်သာအောင်အတွက် ပြည်သူတစ်ဦးချင်းစီက လက်ဗွေနှိပ်ပီး ဆန္ဒထုတ်ဖော်ပြသကြခြင်း ဖြစ်ကြောင်း ရွှေဘိုလူထုသပိတ်က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲ ရက်နီးကပ်လာချိန်မှာကရင်ပြည်နယ်မြို့တော်ဘားအံမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်လာပြီး စစ်ကားတွေနဲ့ ကင်းလှည့်တာမျိုး လုပ်ဆောင်လာတယ်လို့ ကရင်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

စစ်တပ်ဗုံးကြဲလို့ ဒီဇင်ဘာလ သုံးပါတ်အတွင်းမှာပဲပြည်သူ ၁၃၆ ဦး​သေဆုံး၊၁၈၂ဦးဒဏ်ရာရ

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ မြစ်ဆုံစီမံကိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အစုအပြုံလိုက် ဖမ်းဆီးမှုတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် တင်းကျပ်မှုတွေ ပိုမို ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ပြောကြားခဲ့ပါတယ်။

Facebook