close
Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်း လေကြောင်းတိုက်ခံရမှု ကလေးငယ်အပါအဝင် စစ်ရှောင် ၇ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းက ငါးပတ်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ကလေးငယ်တွေအပါအဝင် ၇ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းက ငါးပတ်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၄၊၂၀၂၅၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းက ငါးပတ်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ကလေးငယ်တွေအပါအဝင် ၇ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ရက် မနေ့က ညနေ၄နာရီခွဲခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ (၈၀)အရွယ်၊ ဒေါ်သန်းမြ၊ (၇၅)နှစ်အရွယ် ဒေါ်ကျင်၊(၂၅)နှစ်အရွယ် ကိုမင်းသန့်တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၃၅)နှစ်အရွယ် ဒေါ်မာသွယ်နဲ့ (၇)နှစ်အရွယ်သမီးငယ်၊ဒေါ်မာသွယ်၏မိခင် အသက်(၈၀)ကျော်အရွယ် ဒေါ်ခင်တင့်၊အသက်(၁၄)နှစ်အရွယ် စစ်ဘေး ရှောင်ကလေးငယ်တဦးတို့ထပ်တိုး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ဒေသခံ တွေလည်းပါတယ်။မတ္တရာမြို့နယ်က နေ စစ်ဘေး လာရှောင် နေတဲ့ ပြည်သူ တွေလည်း သေတဲ့အထဲပါတယ်လို့ သိရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ငါးပတ်ချောင်းကျေးရွာဟာ ဧရာဝတီမြစ်ကမ်းအနီးမှာရှိပြီး စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူ တွေသွားလာနေတဲ့ ဆိပ်ကမ်းတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခု ဒီဇင်ဘာအတွင်း စစ်ကောင်စီက ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခံရမှုမှာ ပြည်သူ ၂၀ ခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက အသစ်ဖွင့်ထားတဲ့ ဝါဒဖြန့် မီဒီယာတွေရဲ့ အကောင့်တွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ(၂၀၇)တပ်ရင်းနဲ့ အမြောက်တပ် (၃၁၀)တပ်အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ (ဒီဇင်ဘာ ၂၄ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ဗုံးကြဲလို့ ဒီဇင်ဘာလ သုံးပါတ်အတွင်းမှာပဲပြည်သူ ၁၃၆ ဦး​သေဆုံး၊၁၈၂ဦးဒဏ်ရာရ

သတင်း

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပထမပိုင်းပြုလုပ်မယ်လို့ ကြေညာထားတဲ့ ဒီဇင်ဘာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေဟာ အရှိန်မလျော့ဘဲ ဆက်တိုက်ကျူးလွန်​နေပါတယ်။ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု​တွေကြောင့် အနည်းဆုံး ပြည်သူ ၁၃၆ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။