close
Connect with us

Hi, what are you looking for?

သတင်း

ကနေဒါနဲ့ နယ်စပ်နားက အလာစကာမှာ မဂ္ဂနီကျု ၇.၀ ငလျင်လှုပ်

အမေရိကန် နိုင်ငံရဲ့ အလာစကာ ပြည်နယ်ထဲမှာ ဒီဇင်ဘာ ၇ ရက်နေ့က ပြင်းအားအဆင့် မဂ္ဂနီကျု ၇.၀ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် နိုင်ငံရဲ့ အလာစကာ ပြည်နယ်ထဲမှာ ဒီဇင်ဘာ ၇ ရက်နေ့က ပြင်းအားအဆင့် မဂ္ဂနီကျု ၇.၀ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

ကနေဒါ နိုင်ငံနဲ့ နယ်စပ်နားက လူသူအရောက်အပေါက် နည်းပါးတဲ့ နေရာကို ဗဟိုပြုခဲ့တဲ့ ငလျင်ကြီးရဲ့ လှုပ်ရှားယိမ်းထိုးမှုဟာ မိုင် ၃၀၀ လောက် အကွာမှာရှိတဲ့ ကနေဒါက လူနေဧရိယာတွေမှာပါ သိသိသာသာ ခံစားခဲ့ရပါတယ်။ ငလျင်ကြောင့် ထိခိုက် ပျက်စီးမှုနဲ့ ဒဏ်ရာရသူတွေ မရှိခဲ့ပေမယ်လည်း ကနေဒါပိုင် ယူကွန်ဧရိယာမှာတော့ ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။

ငလျင်ကြောင့် အိမ်တွေ လှုပ်ခါရမ်းကုန်ပြီး အမြင့်မှာ တင်ထားတဲ့ ပစ္စည်းတွေ ပြုတ်ကျတာတွေ ကြုံခဲ့ပါတယ်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ငလျင်ဟာ အလာစကာပြည်နယ်ရဲ့ ဂျူနူးမြို့ အနောက်မြောက်ဖက် မိုင် ၂၃၀ လောက် အကွာ၊ ယူကွန် ဧရိယာထဲက ဝှိုက်ဟော့စ်မြို့ရဲ့ ၁၅၅ မိုင် အကွာကို ဗဟိုပြုခဲ့ကြောင်း ပြောပါတယ်။

ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့ရဲ့ ဝှိုက်ဟော့စ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ကာလစ္စတာ မက်လီယော့ဒ်က ငလျင်ရဲ့ တုန်ခါမှုကို မြို့ထဲမှာ သိသိသာသာ ခံစားခဲ့ရကြောင်းနဲ့ အရေးပေါ် အထိတ်တလန့် ဖုန်းခေါ်ဆိုမှု နှစ်ခုကို လက်ခံရရှိခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနေဒါ သဘာဝ အရင်းအမြစ်ဌာနရဲ့ ဘူမိဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ အလစ်ဆန်ဘတ်ဒ်က ငလျင်ရဲ့ လှုပ်ခါမှုဒဏ်ကို ယူကွန်ဒေသထဲမှာ အဓိက ခံစားခဲ့ရတဲ့ နေရာတွေဟာ လူနေ ကျဲပါးတဲ့ ဧရိယာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရထားသမျှ သတင်းတွေအရ အရမ်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှု သတင်းတွေတော့ မကြားရဘူးလို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

ငလျင်ရဲ့ ဗဟိုချက်နဲ့ အနီးဆုံး လူနေဧရိယာဟာ ၅၆ မိုင် အကွာ၊ အလာစကာ ပြည်နယ် ပိုင်နက်ထဲက ယာကူတက် ကျေးရွာဖြစ်ပြီး လူပေါင်း ၇၀၀ နီးပါး နေထိုင်ပါတယ်။ ငလျင်ဟာ မြေအနက် ၆ မိုင်လောက်ကို ဗဟိုပြုခဲ့တဲ့ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့်လည်း မြေမျက်နှာပြင်ပေါ်မှာ သက်ရောက်မှု ပိုပြီး သိသာ ပြင်းထန်ခဲ့ပါတယ်။

ငလျင်ကြီး အပြီးမှာတော့ ဒါဇင်တွေနဲ့ချီ များပြားတဲ့ နောက်ဆက်တွဲ ငလျင်တွေလည်း အချိန်တွေခြားပြီး လှုပ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောကြားခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဂ္ဂနီကျု ၇.၂ အဆင့် အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဂျပန်နိုင်ငံမှာ အရေးပေါ် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ပြီး ဒေသခံတွေလည်း အပူတပြင်း ရွှေ့ပြောင်းနေပါတယ်။

သတင်း

စဉ့်ကိုင်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ အင်အားအသင့်တင့်ရှိတဲ့ ငလျင်ကြောင့် ညနေပိုင်းက မန္တလေးမြို့အနီးတဝိုက်က ပြည်သူတွေ သိသာစွာ ခံစားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၅.၅ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာက အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်ဆန်းပိုင်းတုန်းက ဂရိမှာ ၃ လအတွင်း ငလျင်ပေါင်း ၂၅၀၀၀ ကျော် လှုပ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို သိပ္ပံပညာရှင်တွေက စူးစမ်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။