close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

စစ်ရေး ပဋိပက္ခတွေ ပြန်စလာလို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ပြည်သူ ထောင်နဲ့ချီ အရေးပေါ် ရွှေ့ပြောင်း

နယ်စပ်မှာ စစ်ရေး ပဋိပက္ခတွေ ရုတ်တရက် ပြန်လည် မြင့်တက်လာတဲ့နောက် ထောင်နဲ့ချီတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေကြကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

နယ်စပ်မှာ စစ်ရေး ပဋိပက္ခတွေ ရုတ်တရက် ပြန်လည် မြင့်တက်လာတဲ့နောက် ထောင်နဲ့ချီတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေကြကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မှာ ကမ္ဘောဒီးယားဖက်က ရန်စပစ်ခတ်ခဲ့ကြောင်း ထိုင်းက စွပ်စွဲခဲ့ပြီး ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာတော့ ကမ္ဘောဒီးယားရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် ထိုင်းစစ်သား ၁ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီအတွက် ထိုင်းက နယ်စပ်မှာရှိတဲ့ ကမ္ဘောဒီးယား စစ်စခန်းတွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။ ကမ္ဘောဒီးယားက ထိုင်းရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အတည်ပြုခဲ့ပြီး ပြောင်ပြောင်တင်းတင်း ရန်စမှု တစ်ခုလို့ ရှုတ်ချခဲ့ပါတယ်။ ထိုင်းလေတပ်ကတော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်နဲ့အညီ တုံ့ပြန်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လကုန်ပိုင်းတုန်းက နယ်စပ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး ၅ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲဒီ စစ်ပွဲဟာ အမေရိကန်၊ မလေးရှား အစိုးရတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ အပစ်ရပ် သဘောတူညီမှု ရရှိသွားပေမယ့် အခုတော့ ပြန်လည် တင်းမာလာနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံစလုံးက အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ကြောင်း အပြန်အလှန် ဝေဖန်စွပ်စွဲနေပါတယ်။ အပစ်ရပ်ပြီးနောက်ပိုင်း နယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ ဆက်လက် ဖြစ်ပွားရာက ထိုင်းစစ်သားတွေ ဒဏ်ရာရခဲ့တဲ့နောက် နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ အဲဒီ သဘောတူညီမှုတွေအပေါ် လေးစား လိုက်နာမှု မှန်သမျှကို ထိုင်းဖက်က ဆိုင်းငံ့ထားမယ်လို့ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ရှေ့တန်းမှာရှိတဲ့ တပ်တွေ အနေနဲ့ ထိုင်းရဲ့ ရန်စမှုတွေကို အတတ်နိုင်ဆုံး သည်းခံနေဖို့လိုကြောင်း၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကမ္ဘောဒီးယားဖက်က စတင် ချိုးဖောက်သလိုဖြစ်အောင် ထိုင်းက တမင်ရန်စနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယား အနေနဲ့ ဘယ်လောက်အထိပဲ သည်းခံမယ်ဆိုတဲ့ အတိုင်းအတာကိုလည်း သိသိကျကျ သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ စစ်ဦးစီး အရာရှိ အဆင့်ဆင့်က လက်ရှိ ဖြစ်ပျက်ပြောင်းလဲနေမှုတွေကို အတွင်းကျကျ နားလည်အောင် ဆန်းစစ်ပြီး လိုအပ်တဲ့ ညွှန်ကြားချက်တွေကို ထုတ်ပြန်နေကြောင်းလည်း ဟွန်ဆန်းက ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက် စစ်ရေးအခြေအနေ တင်းမာနေတဲ့၊ ပိုဆိုးလာနိုင်တဲ့ နေရာတွေမှာ နေထိုင်တဲ့ နှစ်ဖက် ပြည်သူတွေဟာ ဘေးလွတ်ရာဆီ အလောတကြီး ရွှေ့ပြောင်းထွက်ခွာနေပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေကတော့ တစ်ဖက်က ရန်စမှုတွေကို တုံ့ပြန်ရုံသာ စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့ လုပ်ဆောင်နေကြောင်း အသီးသီး ပြောထားပေမယ့် တင်းမာမှုတွေက ၂၄ နာရီအတွင်း သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း နှစ်ဖက် အသေအပျောက် အခြေအနေကို တိတိကျကျ မသိရသေးပေမယ့် ကမ္ဘောဒီးယား အစိုးရကတော့ နိုင်ငံမြောက်ပိုင်း ပရာ ဗီဟီရာနဲ့ အော့ဒါ မီယန်ချီ ပြည်နယ်တွေထဲက နယ်စပ်တွေမှာ ထိုင်းရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေပြီး ၉ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လတုန်းက စစ်ရေး ပဋိပက္ခမှာတော့ နှစ်နိုင်ငံပေါင်း လူ ၄၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး နယ်စပ်ဒေသတွေမှာ နေထိုင်သူ ၃ သိန်းလောက် ယာယီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေရာ နယ်စပ်တလျှောက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်တပ်ထိခိုက်ဒဏ်ရာရသူများလို့ KK Park ထဲကအ​ဆောက်အအုံတစ်လုံးကို​ရှေ့တန်း​ယာယီဆေးရုံလုပ်ထားလို့ထိုင်းသတင်းဌာန​တွေ​​ဖော်ပြ

နိုင်ငံတကာ

ထိုင်းနိုင်ငံအတွင်း နေ့ခင်းပိုင်း အချိန်တွေမှာ အရက်ဘီယာ ရောင်းချခွင့် ကန့်သတ်ထားမှုကို ထိုင်းအာဏာပိုင်တွေက ဖြေလျှော့ပေးလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ အခြေစိုက် အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ကွန်ရက်ကြီး တစ်ခုနဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှု တန်ဖိုး ဒေါ်လာ သန်း ၃၀၀ ကျော်လောက်ကို သိမ်းဆည်းရမိထားပြီး ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။