ဒီဇင်ဘာ ၇၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ဖို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အသံတိတ်သပိတ်မှာပါဝင်ဖို့ ဒီကနေ့ (ဒီဇင်ဘာ၇) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကန်သာယာမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် ကြက်ခြေခတ်နဲ့ပယ်ချမယ် Cross Campaign ကို ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ “ အတုအယောင်ရွေးကောက်ပွဲအလိုမရှိ” ၊ “ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက်” စတဲ့ ကြွေးကြော်သံတွေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီနဲ့ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်တို့က “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသား ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
မြင်းမူမြို့နယ်မှာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဒီဇင်ဘာ၁၀ရက် (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့) မှာပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။















































