close
Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့ကို စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ၊ ပြည်သူ ၃ဦး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တကောင်းမြို့ကို စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဖေ့ရည်ဆိုင်အတွင်း သေဆုံးနေသူတွေကို တွေ့ရစဉ်

ဒီဇင်ဘာ-၁၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တကောင်းမြို့ကို စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနေ့ ည ၈နာရီ ၄၇မိနစ်ခန့်မှာ တကောင်းမြို့လမ်းဆုံအနီးက လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အမျိုးသား ၃ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ မြို့ထဲက လက်ဖက်ရည်ဆိုင်ပေါ့။ အဲဒီမှာ လက်ဖက်ရည်ထိုင်သောက်၊ ထမင်းစားနေကြတဲ့ လူကြီးတွေသေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးဒဏ်ရာရတဲ့ ဒေသခံတွေရဲ့ အသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။

မိုးကုတ်၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်အစပ်တွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်ဟာ အဲဒီလမ်းတကြောက PDFထိန်းသိမ်းထားတဲ့ မြို့နဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာပါ။

ဆက်စပ်သတင်းများ

Facebook