close
Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုနဲ့ ဘောလခဲမှာ တိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ် ဖရူဆိုနဲ့ ဘောလခဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။

ဖရူဆို-ဘောလခဲ လမ်းပိုင်းကာကွယ်နေတဲ့ KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF

နိုဝင်ဘာ-၁၆၊၂၀၂၅။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ် ဖရူဆိုနဲ့ ဘောလခဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကိုခုခံနေတဲ့ ကရင်နီတပ်ပေါင်းစုတွေနဲ့ မာခရော့ရှည်ကျေးရွာ အနီးတဝိုက်မှာ နေ့စဥ်ထိတွေ့မှုဖြစ်နေတာလို့ ဆိုပါတယ်။

“ ဘောလခဲအစပ်ပဲ ပြောရမယ်။ နေ့စဥ်ထိတွေ့မှုရှိတယ်။ထိတွေ့မှုက ပြင်းထန်တယ်” လို့ ကရင်နီကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်အနေနဲ့ ဖရူဆို-ဘောလခဲလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ မအောင်မြင်သေးဘူးလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“ တိုက်ပွဲတွေက မိုးဗြဲဘက်ရော ၊ဖယ်ခုံဘက်မှာပါ ရှိတယ်။ဒါပေမယ့် ဘောလခဲမှာတော့ ဆက်တိုက် အခြေအနေပဲ။နောက်တစ်ခုက နန်းမယ်ခုံမြို့ ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတယ်” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ဒေါးငံခါးနဲ့ ပတိုငံကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဆက်တိုက် တိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်၊ဖရူဆို- ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်နေလို့ အဲဒီလမ်းမကြီးကို နိုဝင်ဘာ ၆ရက်ကစပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ပိတ်ထားပါတယ်။

စစ်ကောင်စီက ကရင်နီပြည်နယ်၊ မယ်စဲ့၊ဖားဆောင်းနဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ