close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံအချို့အကူအညီနဲ့ စစ်ကောင်စီက အဆင့်မြင့်ဒရုန်းသုံးလာမှု တုန့်ပြန်ဖို့အားနည်းချက်ရှိဟု KNU တပ်မဟာ(၆)ခရိုင်ဥက္ကဋ္ဌပြော

အာဏာသိမ်းစစ်ကောင်စီကို ကူညီပေးတဲ့ နိုင်ငံအချို့က လက်နက်ခဲယမ်းသာမကအဆင့်မြင့်ဒရုန်းတွေကိုပါရန်သူစစ်ကောင်စီကိုပံ့ပိုးကူညီနေကြောင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ (၆)နယ်မြေ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က ပြောပါတယ်။

KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်အား တွေ့ရစဉ်။ ဓာတ်ပုံ − KNU

နိုဝင်ဘာ-၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကို ကူညီပေးတဲ့ နိုင်ငံအချို့က လက်နက်ခဲယမ်းသာမကအဆင့်မြင့်ဒရုန်းတွေကိုပါရန်သူစစ်ကောင်စီကိုပံ့ပိုးကူညီနေကြောင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ (၆)နယ်မြေ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က ပြောပါတယ်။

မနေ့ကကျင်းပတဲ့ သံလွင်ကမ်ပိန်း ရံပုံငွေရှာဖွေရေးအစီအစဉ်မှာ ပဒိုစောလစ္စတန်က ဒူးပလာယာခရိုင်အတွင်း ဒေသအခြေအနေကို အသိပေးပြောကြားရာမှာ အခုလို ပြောကြားခဲ့တာပါ။

စစ်တပ်အာဏာသိမ်းမှုကြောင့် မျိုးဆက်သစ်လူငယ်တွေ CDMတွေများစွာ ရောက်ရှိလာတဲ့ အခြေအနေကို ပြောပြပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ဂျန်ဇီးတွေ၊ PDFတွေ CDM တွေကို လက်ခံထားလို့ ဆိုပြီး ထိုးစစ်ဆင်လာတဲ့အပေါ် တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ခရိုင်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့မှု အခြေအနေကို ပဒိုစောလစ္စတန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” KNUကိုလုပ်ဖို့ မဟုတ်ဘူး အဲဒီအဖွဲ့တွေကို လာရှင်းဖို့ ဖြစ်တယ်ဆိုပြီး အကြောင်းပြချက်နဲ့လုပ်တော့ တိုက်ပွဲတွေဖြစ်တယ်။ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော် အဲဒီမှာ စဖြစ်တာကတော့ ကော့ကရိတ်တောင်ခြမ်းပေါ့ အဲဒီမှာ စဖြစ်တာ ဖြစ်ပြီးတော့ နောက်ဆုံးကျတော့ လေးကေ့ကော်ဆိုတဲ့ငြိမ်းချမ်းရေးမြို့တော်ကမငြိမ်းချမ်းဘဲနဲ့တိုက်ပွဲအကြီး အကျယ်ဖြစ်တဲ့အနေအထားကနေ ကျနော်တို့ ပူးပေါင်းတပ်တွေက ပြန်လည်တွန်းလှန်တယ် တိုက်ပွဲဝင်တယ်” လို့ ပဒိုစောလစ္စတန်က ပြောပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပွားရာမှာ တိုင်းပြည်ရဲ့ သယံဇာတကို အသားလွတ်ကြီးထိုးကျွေးပြီးတော့စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံကြီးတွေက လက်နက်အကူအညီယူပြီးစစ်ကောင်စီဘက်ကတိုက်ခိုက်တာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မီးကျိုးမောင်းပျက်တွေကို စုဆောင်းပြီး ခုခံခဲ့ရတာလို့ ဆိုပါတယ်။

လူငယ်မျိုးဆက်သစ်တွေကအသက်၊ ခန္ဓာပေးပြီး လက်နက်တီထွင်ခဲ့ကြတဲ့ အခြေအနေကို ပြောပြပါတယ်။လက်နက်ကြီး ၊ ဗုံးတွေတီထွင်ခဲ့သလိုဒရုန်းတွေနဲ့ တိုက်ပွဲဝင်နိုင်ဖို့အထိလူငယ်ပညာရှင်တွေကလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

“ ကျနော်တို့လည်းပညာရပါတယ်။အဲဒီလိုနည်းနဲ့ ကျနော်တို့တွေ တွန်းလှန်တိုက်ခိုက်ကြတယ်” လို့ ပဒိုစောလစ္စတန်က ပြောပါတယ်။

ဒီလိုတော်လှန်ခဲ့လို့ နယ်စပ်စခန်းများစွာကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေမှာ ခြားနားချက်၊ အားနည်းချက်အားသာချက်များစွာ တွေ့ရတယ်လို့ ပြောပါတယ်။

” တိုက်ပွဲမြေပြင်မှာ ကျနော်တို့မှာလက်နက်ခဲယမ်းမပြည့်စုံဘူး ဒါပေမဲ့ စိတ်ဓာတ်က ကောင်းတယ်။ ရန်သူမှာကျတော့ စိတ်ဓာတ်က မကောင်းဘူး ။ သူတို့ အရာရှိ ကြီးတွေ အဆင့်တွေကတော့ စိတ်ဓာတ်က အကျိုးစီးပွားကြောင့် ကောင်းနေတာလည်းဖြစ်မယ် ဒါပေမဲ့ အောက်ခြောကတော့ဒီလောက်မကောင်းဘူး” လို့ ပဒိုစောလစ္စတန်က ပြောပါတယ်။

ဒါ့အပြင် နယ်မြေကျွမ်းကျင်မှု စစ်ကောင်စီဘက်က မရှိသလို စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ဘာကြောင့် စစ်တိုက်နေရတယ်ဆိုတဲ့ အနေအထားကို မသိဟု ပြောပါတယ်။

” ဒီမှာကတော့ ခံစားချက်ကြောင့် ပါသလို နိုင်ငံရေး ဦးဆောင်မှု အပိုင်းအားဖြင့်လည်း အားကောင်းတဲ့အခါ ကျတော့ တိုက်ပွဲတွေအရှိန်မြှင့်ပြီးဆောင်ရွက်နိုင်တဲ့အတွက် အောင်မြင်မှုတွေအတော်အတန်ရခဲ့တယ်။ အဲဒီအခြေအနေကတော့ အခုကတော့ နိုင်ငံတကာရဲ့ စစ်ကောင်စီအပေါ်မှာ အားပေးတဲ့နိုင်ငံတွေလည်း ရှိတဲ့အခါကျတော့ အထူးသဖြင့် နောက်ပိုင်းမှာ လက်နက်ကြီးငယ်မကဘူး ဒရုန်းတွေ အဆင့်မြင့်တွေ၊ ကျနော်တို့က ဒရုန်းသာမန်အဆင့်ဆိုရင် သူကတဆင့်တက်တယ်။ ဒီဘက်က တဆင့်ထပ်တိုးချဲ့ရင်သူကနောက်တဆင့်တက်တယ်။ဆိုတော့အဆင့်မြင့်လာရင်တော့ကျနော်တို့မှာလိုက်မနိုင်တဲ့အားနည်းချက်တော့ရှိတယ်”လို့ ပဒိုစောလစ္စတတန်က ပြောပါတယ်။

ဒါပေမယ့်ဂျန်းဇီးလို့ခေါ်ကြတဲ့ Generation Z လူငယ်တွေထဲက ပညာရှင်တွေနဲ့ ထိုးဖောက်ပြီး လှုပ်ရှားနေတာ အခုထိဖြစ်ကြောင်းလည်း ပြောပြပါတယ်။

ရန်သူဘက်ကစစ်မှုထမ်း ဥပဒေနဲ့ လူငယ်တွေ စစ်သားစုဆောင်း တိုက်ပွဲဝင်လာတဲ့ အခြေအနေကိုလည်း ပြောပါတယ်။

” စစ်မှုထမ်း ဥပဒေနဲ့ စုဆောင်းတဲ့သူတွေက ဘယ်လိုမျိုးတွေလဲတော့ မသိဘူး။ ဆေးတွေတိုက်တာ အရက်တိုက်ပြီးလာတော့ တိုက်ပွဲမြေပြင်မှာ တော်တော်လေးကို သေကြေပြီးတော့ အသက်တွေအများကြီး ပေးပြီးထိုးတာပေါ့။ အဲဒီလိုအနေအထားနဲ့ ဆောင်ရွက်လာတာတွေ တွေ့ရတယ်”လို့လည်း ပဒိုစောလစ္စတန်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ကူညီပေးတဲ့ ခွဲထွက်အဖွဲ့တွေနဲ့ ထိုးစစ်ဆင်လာတာရှိလို့ ပြန်လည်ခုခံလျက်ရှိကာရှိတဲ့အင်အားရှိတဲ့လက်နက်နဲ့ ဆောင် ရွက်ရတဲ့ အနေအထားဖြစ်ကြောင်း ရှင်းပြပါတယ်။

စစ်ကောင်စီဟာ အခုအချိန်မှာ စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းမရှောင် လေကြောင်းတိုက်ခိုက် နေသလို ရွာတွေကို လက်နက်ကြီး၊ လေယာဉ် ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေလို့ ကျေးရွာတော်တော်များများ ပျက်စီးပြီး စစ်ရှောင်များသထက်များလာကြောင်း ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေကရဲဘော်မို့လို့ မိုးရွာထဲတိုက်ပွဲဆင်ရတာ ပြဿနာမဟုတ်ပေမယ့်လို့ လူထုအနေနဲ့ တော်တော်လေးကို အခက်အခဲတွေ ရင်ဆိုင်ရတဲ့ အကြောင်းလည်း ပြောပြပါတယ်။

စစ်အာဏာရှင်တွေ အုပ်စိုးနေသရွေ့ လူထုအနေနဲ့ ဒီလို အခြေအနေတွေ ဆက်လက်ကြုံနေရမှာလို့ ပြောပါတယ်။

“တိုက်ပွဲက အောင်မြင်ဖို့လိုတဲ့အတွက် ကျနော်တို့ကတော့ ဆက်ပြီးတိုက်ပွဲဝင်မယ်”လို့လည်း ပဒိုစောလစ္စတန်က ပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook