close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေတဲ့ ဆီဘောက်ဆာ ၄စီး မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်းကို ပို့မယ့် ဆီဘောက်ဆာကား ၄ စီးဟာ စစ်ကောင်စီရဲ့စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေစဉ် အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ အပူလွန်ကဲပြီး မီးလောင်သွားပါတယ်။

မီးလောင်နေတဲ့ ဆီဘောက်ဆာကားတွေ မီးငြှိမ်းသတ်နေစဥ်။ ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့

အောက်တိုဘာ-၃၀၊ ၂၀၂၅။ မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းကို ပို့မယ့် ဆီဘောက်ဆာကား ၄ စီးဟာ စစ်ကောင်စီရဲ့စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေစဉ် အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ အပူလွန်ကဲပြီး မီးလောင်သွားပါတယ်။

ဒီနေ့အောက်တိုဘာ ၃၀ရက် နေ့လယ် ၁၂နာရီခွဲခန့်မှာ မီးစလောင်တာ ဖြစ်ပါတယ်။

“ တစ်စီးမှအကောင်းမရဘူး။ ပိုင်ရှင်တော့ ကုန်တာပဲ။ တစ်စီးချင်းကို သိန်းထောင်ချီတယ်။ ရှမ်းမြောက်ကို ဖြတ် လေးဖြတ်လုပ်ထားတာလေ စစ်တပ်က” လို့ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းမပေါ်က ပုသိမ်ကြီးမြို့နယ်မှာ ပါဝင်တဲ့ ၁၆မိုင်ဂိတ်ကို ဖြတ်သန်းခွင့်ရဖို့ စောင့်ဆိုင်းနေစဉ်မှာ အပူလွန်ခဲ့ပြီး မီးလောင်တာလို့ ဆိုပါတယ်။

စက်သုံးဆီတွေ အပြည့်တင်ဆောင်လာတဲ့ ဆီဘောက်ဆာကားလေးစီးလုံး မီးလောင်ဆုံးရှုံးကုန်တယ်လို့ ဆီလုပ်ငန်းရှင်ကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်တာမှာ မီးလောင်တဲ့ အကြောင်းရင်းနဲ့ ကားအရေအတွက်ကိုဖော်ပြမထားပါဘူး။ အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ တွဲကားတွေ မီးလောင်လို့ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၅)စီးသန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ‌နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မူဆယ်မြို့တွေကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့နယ်တွေကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်မယ့် ကုန်စည်တွေကို တရုတ်အစိုးရကလည်း နယ်စပ်ကနေ ကန့်သတ်နေသလို စစ်ကောင်စီကလည်း ရှမ်းမြောက်ဝင်ပေါက်တွေကနေ တားဆီး ပိတ်ပင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေအမည်ခံထားတဲ့ တရုတ်နိုင်ငံသားပိုင် မီးရှူးမီးပန်းစက်ရုံ တစ်ရုံမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဒါကာမြို့တော် နိုင်ငံတကာ လေဆိပ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လေကြောင်း ခရီးစဉ် တချို့ ဆိုင်းငံ့ခံရတာ၊ ဖျက်သိမ်းခံရတာမျိုး အခြေအနေတွေ ကြုံခဲ့ပါတယ်။

သတင်း

တိုက်ပွဲတွေပြင်းထန်‌နေတဲ့ သီပေါမြို့မှာ ထွေအုပ်ရုံးနဲ့ အကျဉ်းထောင်အပါအဝင် မြို့ပေါ်ကနေရာ ၅ခုမှာ မီးလောင်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့မဲဇလီဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်စဥ် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေ ထပ်မံတွေ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၇)က ထုတ်ပြန်ပါတယ်။

Facebook