close
Connect with us

Hi, what are you looking for?

သတင်း

ဆားတောင်မြို့မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ် ငါးဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းအချို့သိမ်းရ

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မှာ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားငါးဦးထက် မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိတယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Screenshot

နိုဝင်ဘာ-၂ ၊ ၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မှာ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားငါးဦးထက် မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိတယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကိုင်းခရိုင် ကွပ်ကဲရေးစစ်ဌာနလမ်းညွှန်ချက်နဲ့ ဆားတောင်မြို့ အနောက်ဘက်ခြမ်းကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ အောက်တိုဘာ ၃၁ရက် ညနေပိုင်းမှာတိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းမှာ အင်အား ၆၀ ခန့်ပါပြီး တိုက်ပွဲမှာ ၂နာရီဝန်းကျင်ကြာခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းဆီကနေ MA1 တလက်၊ ၆၀မမ နှစ်လုံးကျဥ်အိမ်သုံးခုနဲ့ အခြားစစ်သုံး ပစ္စည်းတွေလည်းသိမ်းရတယ်လို့ သိရပါတယ်။

“ အခုလောလောဆယ် သာလွန်အင်အားနဲ့ထပ်ထိုးနေတယ်။ ခံစစ်နဲ့ ကစားနေရတယ်။ဆားတောင် (မြောက်) ၊ ဆားတောင် (တောင်) ဆားတောင် (နောက်) အကုန်စစ်ကြောင်းခွဲထိုးနေတာ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ပင်မစစ်ကြောင်းတစ်ခုမှာအင်အား ၂၀၀ ထက်မနည်းအသုံးပြုထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အခုနှစ် သြဂုတ်ကတည်းက စစ်ကိုင်းမြို့နယ်ထဲက မင်းကွန်းဒေသအပါအဝင် မြို့ပေါ်မှာပါ စစ်​အင်အားဖြည့်တာနဲ့ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေက ထုတ်ပြန်ထားပါတယ်။

လာမယ့်ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီက နယ်မြေစိုးမိုးရေး အပါအဝင် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဒေသတွေကို ပြန်ရဖို့ ကြိုးစားနေပါတယ်။

ဆားတောင်မြို့မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ် ငါးဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းအချို့သိမ်းရ နိုဝင်ဘာ-၂ ၊ ၂၀၂၅။မိုမို/People…

Posted by People's Spring on Sunday 2 November 2025

ရုပ်သံ – ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့

ဆက်စပ်သတင်းများ

သတင်း

ပုဂံ၊ညောင်ဦးမှာ စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေတယ်လို့ ညောင်ဦးပကဖ ပြော

သတင်း

စစ်တပ်ကဆက်တိုက်ဗုံးကြဲနေလို့ဝေဟင်သတင်းနားစွင့်ဖို့၊လုံခြုံတဲ့နေရာတည်ဆောက်ထားဖို့ တိုက်တွန်း

သတင်း

ကရင်ပြည်နယ် ၊လေးကေ့ကော်ဒေသကို တပ်မ(၂၂)၊လက်​အောက်ခံဗျူဟာသုံးဗျူဟာနဲ့ စစ်သားအင်အား ၁၂၀၀ ​ကျော်သုံး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တိုက်ပွဲကာလတစ်လအတွင်းမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင်၁၅၀ခန့်သေဆုံးပြီး ၂၀၀​ ခန့်ဒဏ်ရာရရှိကာအထိနာနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက လူထုနွေဦးကို ပြောကြားပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌ တွေထိန်းချုပ်ထားတဲ့ တမူးမြို့နယ်၊ နမ့်မွန်းတားရွာကို ဝင်လာတဲ့စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကခုခံ တိုက်ခိုက်တာ​ကြောင့် စစ်တပ်ကသေဆုံး ရုပ်အလောင်းတွေဆွဲပြီး ပြန်ထွက်ပြေးသွားပါတယ်။

Facebook