close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာစစ်ရှောင်စခန်းဗုံးကြဲခံရပြီး ရဲဘော် ၁ဦး အပါအဝင် ၃ဦး သေဆုံး

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲဘော် ၁ဦး အပါအဝင် ၃ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၅ အောက်တိုဘာ၂၆ ရက်က ကောင်းဆက်သာဆီဆိုင် ဗုံးကြဲအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၈၊၂၀၂၅၊ ရှိန်း/ People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲဘော် ၁ဦး အပါအဝင် ၃ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်အ ရှေ့မြောက်ခြမ်းက သပြေ ချောင် ကျေးရွာကို အောက်တိုဘာ၂၆ ရက် ညနေ ၆နာရီ၄၀ မိနစ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးထိမှန်ပြီး PDFရဲ ဘော် ၁ဦးနဲ့ ပြည်သူ ၂ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ထိခိုက်သူတွေရဲ့ အသေးစိတ်အခြေ အနေကို မသိရဘူး။အဲဒီ နေ့က ညကြီးလာကြဲတာ။ပြီးတော့ ဖြစ်ဖြစ်ပြီး ချင်း ချက်ချင်း သဂြိုဟ်လိုက်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လေကြောင်းတိုက်ခံရတဲ့ ကျေးရွာနဲ့ (၁)မိုင်အကွာမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို ဝင်စီးထားတာမို့ ဒေသခံတွေ စစ်ဘေးရှောင် နေရချိန် ယခုလို လေကြောင်းတိုက်ခံရတာလို့ သိရပါတယ်။

စစ်တပ်က မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေပြီး အဲဒီနေ့ ညနေ ၃နာရီကျော်မှာလည်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်က ကောင်းဆက်သာဆီဆိုင်ကို ဗုံးကြဲခဲ့တာမို့ ဆိုင်မန်နေဂျာ သေဆုံးပြီး ၆ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့က အောက်တိုဘာ ၂၇ရက် ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သွားတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး နေအိမ် ၆လုံး ပျက်စီးခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့က စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့ မခွဲခြားဘဲ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ကန်ပက်လက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ဘယ်ပွဲမဆို လတ်တလောအချိန်မှာ ကျင်းပတာ ရှောင်ရှားဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ အောက်တိုဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။

Facebook