စက်တင်ဘာ-၅၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်တပ်က စက်တင်ဘာ ၄ ရက်နေ့မှာတိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်လို့ ဇနီးမောင်နှံနှစ်ဦးလုံးသေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းက မိတ္ထီလာကနေတက်လာတဲ့ဂျက်ဖိုက်တာတစီးဟာပုလဲမြို့နယ်၊ တနယ်ကျေးရွာတောင်ဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
ပထမတလုံးဟာ ယာကွက်ထဲကျ ပေါက်ကွဲပြီး ထိခိုက်မှုမရှိပေမဲ့ ဒုတိယ တလုံးကတော့ တနယ်ရွာထဲကျပြီး နေအိမ်တအိမ်က လင်မယားနှစ်ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement
“နေအိမ် ရှေ့ကျရောက်ပေါက်ကွဲတာ။ လင်မယားနှစ်ယောက်မှာ အမျိုးသမီးက ခါးနှစ်ပိုင်းပြတ် သေဆုံးတာ”လို့ ဒေသခံတဦးက ဆိုပါတယ်။
ဒါ့အပြင် ပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးကုသနေရကာ နွားလေးကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တနယ်ကျေးရွာဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ မီးရှို့ခံရကာ ပြည်သူအချို့လည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
