close
Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲ​တွေပြင်းထန်​နေ

သပိတ်ကျင်းမြို့ အဝင် ဆိုင်းဘုတ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဩဂုတ်၃၀၊၂၀၂၅။မေ/People’s Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေလို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့က​ပြောတယ်။

သပိတ်ကျင်းမြို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့ နောက် တော်လှန်ရေးတပ်တွေကလည်းပြန် ထိုးစစ်နေတာဖြစ်ပါတယ် ။ ၇မိုင်၊၄မိုင်၊တပ်မတော်တန်းမြင့်လေ့ကျင့်ရေးတပ်(တကက-၁၃) ၊တွင်းငယ်စတဲ့နေရာ တွေမှာ တိုက်ပွဲ တွေ ဆက်တိုက်ဖြစ် နေတာလို့သိရပါတယ်။

“နေ့တိုင်းတိုက်ပွဲဖြစ်တယ်ဗျ။စကစက မြို့ကိုပြန်ရပြီး ကတည်းက ဘန်ကာတွေအခိုင်အမာ ဆောက်ထားတယ်။မြို့ကိုသိမ်းတုန်းကထက်တောင် ပိုခက်သွားတယ်”လို့ တော်လှန်‌ေရးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ် နဲ့ ထောက်ပို့လုပ်နေပြီး စစ်ကူအင်အားအများအပြားပို့ထားတယ်လို့လည်းသိရပါတယ်။တော်လှန်ရေးတပ်တွေဘက်ကလည်း ​ဒေသကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ဖို့ကြိုးစား နေပြီး ဆက်တိုက် တိုက်ပွဲဖော်တာ တွေလုပ် နေတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့ကို ၂၀၂၄ခုနှစ်၊ဩဂုတ်လ၂၅ ရက်နေ့က တော်လှန်ရေးတပ်တွေ သိမ်းယူနိုင်ခဲ့ပြီး တနှစ်နီးပါးအကြာဇူလိုင်လ၂၂ ရက် နေ့ မှာ ပြန်လည်လက်လွှတ်ခဲ့ရတာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း အင်အားအများအပြားနဲ့ စစ်တပ်ရဲ့ထိုးစစ်ဟာအလုပ်ဖြစ်လား ၊ တန်ပြန်ဘယ်လို အန္တရာယ်တွေရှိလဲ ဆိုတာဒီတစ်ပါတ်ဆွေးနွေးပါမယ်။

ဆောင်းပါး

စစ်အုပ်စုက ဇူလိုင်လကုန်ပိုင်းမှာ အမည်ပြောင်း၊ရွေးကောက်ပွဲလုပ်မယ်ပြောပြီး နိုင်ငံတစ်ဝန်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၊စိုးမိုးထားတဲ့ ဒေသတွေကို အင်အားအများအပြားနဲ့ တန်ပြန်ထိုးစစ်တင်နေတာဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ချောင်းကြီး ရွာကို စစ်တပ်က လေကြောင်းက​နေဗုံးကြဲခဲ့တာကြောင့်ပြည်သူ၁ဦး သေဆုံးပြီး ၄ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ရဲဘော်တစ်ဦးရဲ့ နာရေးအိမ်ကို စစ်တပ်က ဗုံးကြဲချခဲ့တာမို့ အမျိုးသား ၁၀ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။