close
Connect with us

Hi, what are you looking for?

သတင်း

နယ်သာလန်ရောက်မြန်မာများ AIRBUS ကုမ္ပဏီကို ဆန္ဒပြ

နယ်သာလန်နိုင်ငံ၊ အက်စတာဒမ်မြို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ရာတွင် အထောက်အပံ့ပေးနေသည့် AIRBUSကုမ္ပဏီအား ကန့်ကွက်ဆန္ဒပြမှုကို ယနေ့ (ဧပြီ ၁၆) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - CJ

ဧပြီ ၁၆၊၂၀၂၅။ သုည/People’s Spring

နယ်သာလန်နိုင်ငံ၊ အက်စတာဒမ်မြို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ရာတွင် အထောက်အပံ့ပေးနေသည့် AIRBUSကုမ္ပဏီအား ကန့်ကွက်ဆန္ဒပြမှုကို ယနေ့ (ဧပြီ ၁၆) ပြုလုပ်ခဲ့သည်။

ဆန္ဒပြမြန်မာများက မြန်မာပြည်တွင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုအတွင်းရင်းနှီးမြှုပ်နှုံမှု ရပ်တန့်ရန်၊ စီးပွားရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် AIRBUS ကုမ္ပဏီကို မြန်မာများက အမ်စတာဒမ်မြို့ Hotel Okura ရှေ့တွင် တောင်းဆိုခဲ့ကြသည်။

AIRBUS ကုမ္ပဏီသည် တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနှင့် စီးပွားရေးပူးတွဲလုပ်ဆောင်နေခြင်း ဖြစ်ပြီး AVIC သည် စစ်ကောင်စီကို ပြီးခဲ့သည့်နှစ်အတွင်း လေယာဥ် (၈)စင်း ရောင်းချပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းလေယာဥ်များဖြင့် စစ်ကောင်စီက ပြည်သူများအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည့်အတွက် AIRBUS သည် တဆင့်ခံပါဝင်နေခြင်း ဖြစ်၍ ကန့်ကွက်ဆန္ဒပြခြင်းဖြစ်ကြောင်း နယ်သာလန်ရောက် မြန်မာများက ဆိုသည်။

ပြင်သစ်လေကြောင်းကုမ္ပဏီကြီး AIRBUSသည် မြန်မာစစ်အုပ်စုကျူးလွန်နေသည့် စစ်ရာဇ၀တ်မှုများအပေါ် ရင်းနှီးမြှုပ်နှံမှုကတစ်ဆင့် ပံ့ပိုးအားပေးနေကြောင်း Justice For Myanmar က ပြီးခဲ့သည့် မတ်လ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်အုပ်စုကို စစ်လက်နက်ထောက်ပံ့မှုပေးနေသည့် တရုတ်ကုမ္ပဏီ AVIC ဖိအားပေးရေး ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus ကို Justice For Myanmar နှင့် Info Birmanie တို့က တောင်းဆိုလိုက်သည်။