မတ်-၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring
မြေငလျင်ကြီးလှုပ်ပြီး မန္တလေးမြို့မှာအဆောက်အအုံပျက်အောက်မှာ ၃ ရက်နီးပါးပိနေတဲ့မိန်းကလေးတစ်ဦးကို ကယ်ဆယ်ရေးပစ္စည်းမလုံလောက်တဲ့ကြားပဲ လူမှုရေးအဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ပါတယ် ။
ဖျက်အားပြင်းငလျင်ကြီးလှုပ်ပြီး ၃ရက်မြောက်ဖြစ်တဲ့ မတ်လ ၃၀ ရက်နေ့မှာကယ်ထုတ်နိုင်ခဲ့တာခြင်းဖြစ်ပြီး မျက်ရည်ကျတယ်အထိဝမ်းသာရတယ်လို့ မန္တလေးမြို့ နန္ဒာမေတ္တာလူမှုရေးအဖွဲ့မှ ကိုသက်မျိုးဦးက လူမှုကွန်ရက်မှာ ပြောထားပါတယ်။
အဆောက်အအုံအောက်မှာပိတ်မိနေတဲ့ အမျိုးသမီးငယ်ကို ကယ်ဆယ်ရေးသမားတွေက ခေတ်မီ ကယ်ဆယ်ရေးပစ္စည်းကရိယာမပါဘဲ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ကြတာဖြစ်ပါတယ် ။

Public Service Announcement
” Day-3 အပျော်ဆုံးနေ့စိတ်ညစ်စရာသတင်းတွေပဲဖတ်နေကြရလို့ပျော်စရာသတင်းလေးပါ(၂)ညနဲ့(၃)ရက်မအိပ်ပဲလုပ်ခဲ့သမျှပင်ပမ်းတာကျေပျောက်လို့နန္ဒာမေတ္တာအဖွဲ့သားတွေထအော်ဟစ်ကခုန်ခဲ့ရတယ်။ကွန်ကရစ်ထုတ်တန်းနဲ့မွေ့ယာကြားမှာလူတစ်ခွန်စာပိတ်မိနေတဲ့ညီမလေးကိုကယ်ဆယ်ရေးပစ္စည်းမပြည့်စုံတော့သံတူရွန်း၊၅ ပေါင်တူတို့နဲ့ထုခွဲလမ်းဖောက်ပြီးဒီညီမလေးကိုအရှင်ရအောင်ကယ်နိုင်လိုက်တာနဲ့တင်ပင်ပမ်းသမျှကျေပျောက်ခဲ့ရပါတယ်။အပြင်လဲရောက်တော့ပျော်ပြီးငိုရှာတာ။အကိုတို့လဲတစ်ကယ်ပျော်လွန်းလို့မျက်ရည်ကျရပါတယ်”လို့ ကိုသက်မျိုးမျိုးဦးကရေးသားထားပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေကိုရှာဖွေကယ်ဆယ်ဖို့အတွက် သံချောင်များကိုဖြတ်တောက်ရန်သံဖြတ်စက် နဲ့ ကွန်ကရစ်စလစ်ပြင်ဖောက်ရန်ဖောက်စက်လိုအပ်နေကြောင်းလည်းအသိပေးထားပါတယ် ။
” အဲဒီနှစ်မျိုးသာရရင်ကယ်ဆယ်ရေးအတွက်ပိုတွင်ကျယ်လာမှာပါ”လိုဘ ကိုသက်မျိုးဦးကဆိုပါတယ် ။
မြေငလျင်ဟာ မန္တလေးမြို့ တစ်ဖက်ကမ်းက စစ်ကိုင်း မြို့ အနီးဗဟိုပြု ပြီးတော့ မတ်လ ၂၈ရက်မွန်းလွဲ ၁၂နာရီ ၅၀မိနစ်ကလှုပ်ခဲ့တာပါ။ ၁၂ မိနစ်ခန့်အကြာမှာ တံတားဦးမြို့နယ်ကို အင်အားကြီးနောက်ဆက်တွဲငလျင်ထပ်လှုပ်ပါတယ်။ဒီငလျင်ကြီးကြောင့် မန္တလေးမြို့ ကအဆောက်အအုံများစွာ အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။
မန္တလေးမြို့မှာပဲသေဆုံးသူ ထောင်ချီနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ခန့်မှန်းထားပါတယ် ။အဆောက်အအုံပျက်တွေအောက်မှာ ပိမိနေတဲ့ သူတွေကို ကယ်ဆယ်ရေးအဖွဲတွေက ငလျင်လှုပ်ပြီး တတိယမြောက်နေ့မှာကယ်ထုတ်ရန် ဆက်လက်ကြိုးစားနေကြတာဖြစ်ပါတယ်။နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ မန္တလေးမြို့ကို မတ် ၃၀ မှာစတင်ရောက်လာကူညီနေတယ်ဆိုပေမယ့် မြို့က လူမှုရေးအသင်းအဖွဲ့ က စေတနာ့ဝန်ထမ်းတွေက အများဆုံးကူညီပေးနေကြတာဖြစ်ပါတယ် ။
