close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့ အကူအညီအရေးပေါ်လိုအပ်နေ

ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ငလျင်ကြီး ရဲ့ ဗဟိုချက်နားမှာရှိတဲ့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေး တွေ အပူတပြင်းလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော် ဖေ့ဘွတ်ခ်ကနေ ဒီနေ့ (မတ်လ ၃၀) မှာ အသိပေးကြေညာပါတယ်။

ငလျင်ကြောင့် စစ်ကိုင်းမြို့ မီးသတ်စခန်းပျက်စီးသွားပုံ

မတ် – ၃၀၊၂၀၂၅ /People’s Spring

ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ ငလျင်ကြီး ရဲ့ ဗဟိုချက်နားမှာရှိတဲ့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေး တွေ အပူတပြင်းလိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော် ဖေ့ဘွတ်ခ်ကနေ ဒီနေ့ (မတ်လ ၃၀) မှာ အသိပေးကြေညာပါတယ်။

မန္တလေးက စစ်ကိုင်းမြို့ဆီ ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား လည်း ငလျင်ကြောင့် ထိခိုက်သွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေသလို အကူအညီတွေဝင်ရောက်လာဖို့ ခက်ခဲနေတယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် စစ်ကိုင်းမြို့မှာ ငလျင်ကြောင့်အသေအပျောက်များပြီး ဆေးရုံနဲ့ လူနာပမာဏ လုံလောက်မှုမရှိဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အစားအသောက် ၊ဆေးဝါးတွေလည်း စစ်ကိုင်းမြို့မှာ ဝယ်ယူလို့မရဘူးလို့ အသိပေးပါတယ်။

ငလျင်ကြောင့်ပိတ်မိနေသူတွေ ရှာဖွေကယ်ဆယ်ရေးကို မြို့ခံ ပရဟိတအသင်းတွေ နဲ့ မလုံလောက်ဘဲ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး လုပ်နေရတာကြောင့် အချိန်ကြာမြင့်လေ ပိုမိုဆိုးရွာလာနိုင်တဲ့အနေအထား ဖြစ်နေတယ်လို့ စစ်ကိုင်းမြို့ရဲ့ အခြေအနေကို စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော် က ဖော်ပြပါတယ်။

စစ်ကိုင်းတောင်ရိုးပေါ် ရှိ ဘုန်းကြီးကျောင်းတွေ ၊ သီလရှင်ကျောင်းတွေ အကူအညီလိုအပ်နေတယ်လို့ အသိပေးချက်မှာပါရှိပါတယ်။

ပျက်စီးဆုံးရှုံးမှုက မြို့အနေအထားနဲ့ မလိုက်လောက်အောင် ထိခိုက်သွားတယ်လို့လည်း ပြောထားပါတယ်။

မတ်လ ၂၈ ရက် မွန်းလွဲပိုင်း ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က အင်အားပြင်း ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိတဲ့ငလျင်ကြီးဟာ စစ်ကိုင်းမြို့အနီး ရေခါးအင်း နား ဗဟိုပြုပြီးလှုပ်ခတ်သွားတာပါ။

ဆက်စပ်သတင်းများ

သတင်း

လျှပ်စစ်မီးအပြင် ရေနှင့်စက်သုံးဆီပြတ်လပ်မှုဆိုးရွားစွာခံစားနေရဟု မန္တလေးမြို့ခံပြော

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF၏ ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း ငလျင်ဘေးဒဏ်သင့်သည့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများ ပေးအပ်လိုသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများကို ဖိတ်ခေါ်ကြိုဆိုကြောင်း မန္တလေးPDFက ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး တတိယ​မြောက်​​နေ့ မတ်လ ၃၀ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မန္တလေးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်ချတာစ​ကေး ၅ ဒသမ ၁ ရှိ​သော​မြေငလျင် ထပ်မံလှုပ်ရှားပြန်သည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၌ သေဆုံးသူ ၁၆၀ကျော်ရှိလာကြောင်း အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

Facebook