မတ် – ၃၀ ၊၂၀၂၅ /People’s Spring
နေပြည်တော်မှာ ငလျင်လှုပ်ခတ်ပြီး ပြိုကျသွားတဲ့အဆောက်အဦးအောက်မှာ ၄၄ နာရီကြာ ပိတ်မိနေတဲ့ လူငယ်အမျိုးသား ကို ဒီမနက်ပိုင်းမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းရှိ အဆောက်အဦအောက်မှာပိတ်မိနေတဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသား ကို စင်ကာပူနိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းရှာဖွေကယ်ထုတ်နိုင်ခဲ့တာလို့သိရပါတယ်။
ငလျင်လှုပ်ခတ်ပြီး ၄၄ နာရီအကြာ ဒီမနက်ပိုင်း ၉ နာရီ ၂၀ မိနစ်အချိန်မှာကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့က ဆေးကုပေးကာ ဆေးရုံပို့လိုက်တယ်လို့ သိရပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်ကောင်စီ စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်ဟာလည်း ငလျင်ဒဏ်ကို ဆိုးဆိုးရွာရွား ကြုံခဲ့ရပြီး ပျက်စီးထိခိုက်မှု ၊လူအသေအပျောက်များခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရတော့စစ်ကောင်စီဟာ နေပြည်တော်မှာ လည်း ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်ပေးတာမရှိဘူးလို့သိရပါတယ်။
