close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း ဗြိတိန်ဘုရင် သဝဏ်လွှာထုတ်ပြန်

အင်အားပြင်းငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း ဗြိတိန် တတိယမြောက် ချားလ်စ်ဘုရင်က သဝဏ်လွှာထုတ်ပြန်လိုက်ပါတယ်။

မတ် ၂၉၊ ၂၀၂၅။ People’s Spring

အင်အားပြင်းငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း ဗြိတိန် တတိယမြောက် ချားလ်စ်ဘုရင်က သဝဏ်လွှာထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်သူပြည်သားများအနေနဲ့ ဆင်းရဲဒုက္ခတွေ၊ ကြေကွဲဝမ်းနည်းစရာတွေကို ဆက်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရတာကို နားလည်ကြောင်းနဲ့ အခုလို မြန်မာပြည်သူပြည်သားများရဲ့ အလွန်ထူးခြားတဲ့ ကြံ့ကြံ့ခံနိုင်ရည်စွမ်းနဲ့ စိတ်ဓာတ်ကိုလည်း ရှေးမဆွကတည်းကပင် လေးစားရင်းစွဲရှိခဲ့ကြောင်း ချားလ်စ်ဘုရင်ရဲ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။

“အခုလို အခက်ခဲဆုံး၊ ကြေကွဲဝမ်းနည်းဖွယ်အကောင်းဆုံးအချိန်မျိုးမှာ မိမိတို့ ချစ်မြတ်နိုးရသူများ၊ အိုးအိမ်များ၊ မြတ်နိုးတန်ဖိုးထားရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးလိုက်ရတဲ့ အဖြစ်ဆိုးကြီးအား ကြုံတွေ့နေရသူများအားလုံးကို ကျွန်တော်တို့ဇနီးမောင်နှံက အလေးနက်ဆုံးသော ကိုယ်ချင်းစာမှုဖြင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ပြောကြားလိုပါတယ်”လို့ တတိယမြောက် ချားလ်စ်ဘုရင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် အသက်ပေါင်းများစွာ ကြေကွဲဖွယ်ဆုံးရှုံးနေရပြီး အိမ်များ၊ အဆောက်အအုံများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီများ၊ ဘုန်းကြီးကျောင်းများနဲ့ အခြားသောဝတ်ပြုကိုးကွယ်ရာနေရာများ ဆုံးရှုံးရတာကို ကြားသိရတဲ့အတွက် ၎င်းတို့ဇနီးမောင်နှံအနေနဲ့ အလွန်အမင်း တုန်လှုပ် စိတ်မကောင်းဖြစ်မိကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီပေးသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF-Myanmar)က ဒီနေ့ (မတ်လ ၂၉ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှုကြောင့် ငလျင် အပါအဝင် သဘာ၀ဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ ပြည်သူများ ဝိုင်းဝန်းလုပ်ဆောင်ကြမည့် လုပ်အားများ ဆုံးရှုံးခဲ့ရသကဲ့သို့ စစ်ကောင်စီ အပေါ် အယုံအကြည်ကင်းမဲ့မှုကြောင့် လည်း ကူညီထောက်ပံ့မှုများ အားနည်းစေခဲ့ကြောင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

သတင်း

ဖျက်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ မန္တလေးမြို့မှာ ပြိုကျနေတဲ့ အဆောက်အဦးတွေကြားပိတ်မိနေသူတွေကို ထိရောက်တဲ့ ရှာဖွေကယ်ဆယ်ရေး အပူတပြင်း လုပ်ဆောင်နိုင်တာမရှိတာကို မြို့ခံတွေဆီကသိရပါတယ်။

သတင်း

နေပြည်တော် ဒက္ခိဏသိရိမြို့ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ဒဿမ၁ အဆင့်ရှိ​သော ​နောက်ဆက်တွဲ​မြေငလျင် ယနေ့ ည‌နေ ၄နာရီ၌ လှုပ်သွားသည်။

Facebook