close
Connect with us

Hi, what are you looking for?

သတင်း

ရုပ်အလောင်း ၁၅၀ခန့်တွေ့ရှိထားသည့် ငလျင်ဒဏ်ခံရသော စစ်ကိုင်းမြို့မြင်ကွင်းများ

ဖျက်အားပြင်းငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သော စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိ တိုက်တာအဆောက်အဦးအားလုံးနီးပါးနှင့် သမိုင်းဝင်စေတီပုထိုးအများအပြား ထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိ အ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ – KO M

ဖျက်အားပြင်းငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သော စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိ တိုက်တာအဆောက်အဦးအားလုံးနီးပါးနှင့် သမိုင်းဝင်စေတီပုထိုးအများအပြား ထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိ အ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့သည်။ ငလျင်လှုပ်ပြီး ဒုတိယမြောက်နေ့အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မရောက်ရှိသေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အကူအညီတွေလာပေးကြပါဗျာ။ ဒီကနေ့အထိဘာမှ မတွေ့ရသေးဘူး။ဒီမှာကနှစ်ကာလကြာတဲ့အိမ်တွေများတယ်။မပျက်တဲ့အိမ်ဆိုတာမရှိသလောက်ပဲ။ အချင်းချင်းကူညီရအောင်လည်း အကုန်လုံးဒုက္ခရောက်နေတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်း – မန္တလေးလမ်းပေါ် ကန်တော်ကြီးအ‌ရှေ့ခြမ်း၌ အပျက်အစီးအလွန်များပြီး တစ်အိမ်ထဲတွင် မိသားစုဝင် ရှစ်ဦးအထိ သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မြသိန်းတန်စေတီအပါအဝင် ရှေးဟောင်းဘာသာရေးအဆောက်အအုံအများအပြားလည်း ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့ရှိ အကြီးဆုံးစာသင်တိုက်ဖြစ်သော ဇိနောဒယစာသင်တိုက် ပြိုကျပျက်စီးမှုကြောင့် သံဃာတော်များနှင့် သာမဏေများ ထိခိုက်သေဆုံးမှု များပြားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတစ်မြို့လုံးတွင် သေဆုံးသူအရေအတွက်ကို မခန့်မှန်းနိုင်သေးဘဲ မတ်လ ၂၉ ရက် နေ့လယ်အထိစာရင်းများအရ ရုပ်အလောင်း ၁၅၀ခန့် တွေ့ရှိထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသွားခဲ့ကြသည့် ပြည်သူ၊ပြည်သားများအား ဝမ်းနည်းကြောင်းဖော်ပြရန်အတွက် အထူး‌ဒေသရှိ အစိုးရအဖွဲ့မှ စည်ကားသိုက်မြိုက်စွာကျင်းပရန်စီစဉ်ထားသော မဟာသင်္ကြန်ရေကစားပွဲတော်ကို ဖျက်သိမ်းလိုက်သည်ဟု ကိုးကန့်တပ်မတော်(MNDAA) အထူးဒေသအစိုးရအဖွဲ့ ကြေညာခဲ့သည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း ဗြိတိန် တတိယမြောက် ချားလ်စ်ဘုရင်က သဝဏ်လွှာထုတ်ပြန်လိုက်ပါတယ်။

သတင်း

ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီပေးသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF-Myanmar)က ဒီနေ့ (မတ်လ ၂၉ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းမှုကြောင့် ငလျင် အပါအဝင် သဘာ၀ဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ ပြည်သူများ ဝိုင်းဝန်းလုပ်ဆောင်ကြမည့် လုပ်အားများ ဆုံးရှုံးခဲ့ရသကဲ့သို့ စစ်ကောင်စီ အပေါ် အယုံအကြည်ကင်းမဲ့မှုကြောင့် လည်း ကူညီထောက်ပံ့မှုများ အားနည်းစေခဲ့ကြောင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

Facebook